အပိုင်း ၇၈ (ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံနေသော မွေးနေ့ပွဲ)

18.3K 1.5K 84
                                    

Uni,

The Matching Guys (Part 78)

ည၁၀နာရီခန့်...ထိုအချိန်တွင် ထက်ဝေဦးအိမ်ရှေ့၌ လူတစ်ယောက်ရပ်နေသည်။

ထိုသူ၏မျက်လုံးများမှာ ၀မ်းနည်းရိပ်သန်းနေပြီ အတိတ်ကတစ်စုံတစ်ရာကိုပြန်တွေးတောနေသယောင်။
အရင်ကထက်ဝေဦးကိုပထမဆုံးတွေ့ခဲ့ဖူးသည့်အချိန်အား ခြံရံလင်းပြန်အမှတ်ရနေမိတာဖြစ်သည်။ သူတို့နှစ်ယောက်၏ပထမဆုံး တွေ့ဆုံမှုမှာ clubတွင်မဟုတ်ခဲ့ ထိန်ယံလင်း၏ ကွန်ဒိုတွင်ဖြစ်သည်။

ထိုနေ့က ခြံရံလင်းကိစ္စရှိ၍ သူ့အစ်ကိုအားသွားရှာသည်။
ထက်ဝေဦးကလည်း ထိန်ယံလင်းနဲ့လမ်းခွဲကာ သူတို့၏ပတ်သတ်မှုကိုအဆုံးသတ်သည့်နေ့ဖြစ်သည်။

ထိုတိုက်ခန်းတွင်ရှိသော သူ၏ပစ္စည်း အချို့ကိုယူပြီးပြန်အထွက် ဓါတ်လှေကားတွင် ခြံရံလင်းနဲ့တွေ့ဆုံခဲ့တာဖြစ်သည်။
သူတို့နှစ်ယောက်၏ တွေ့ဆုံမှုမှာ ဓါတ်လှေကားအ၀င်အထွက်အချိန်လေးမျှသာဖြစ်ပြီး ထက်ဝေဦးလက်မှပြုတ်ကျခဲ့သော banana keychain လေးကိုတောင် ခြံရံလင်းကူကောက်၍ ပြန်ပေးခဲ့သေးသည်။

" အစ်ကို့Keychain..."

" ကျေးဇူးပါ"

ထိုစကားလုံးအချို့မျှသာပြောဖြစ်ပြီး သူတို့နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံမှုမှာအဆုံးသတ်ခဲ့တာဖြစ်သည်။

ခြံရံလင်းမှာ အိမ်ရှေ့တွင် အတန်ကြာစဥ်းစားတွေးတောပြီးချိန်၌ ထက်ဝေဦးအိမ်တံခါးကိုသွားခေါက်တော့သည်။
တံခါးခေါက်ပြီးချိန်တွင် အသက်ပြင်းပြင်းရှူထုတ်လိုက်​သေးသည်။

ထက်ဝေဦးက တံခါးဖွင့်လာပြီးနောက် သူ့ကိုတွေ့သည်နှင့် ချက်ချင်းပြန်ပိတ်လိုက်သည်။

" ဒေါက်တာ ကျွန်တော်ပြောချင်တာတွေရှိလို့ပါ ခဏလောက်တွေ့ခွင့်ပေးလို့မရဘူးလားဟင်"
ခြံရံလင်းမှာ ဖြေးညင်းသောအသံလေးဖြင့်တောင်းဆိုသည်။

ထက်ဝေဦးမှာ တံခါးကိုမှီထားရင်သက်ပြင်းချသည်။ မေ့ဖို့ကြိုးစားနေကာမှ ထိုကောင်လေးကအိမ်ထိရောက်လာပြန်သည်။ အကုန်ပြောပြီးတာတောင် သူ့အားဘာကြောင့် တွေ့ချင်ပြီး ပြောစရာတွေကျန်နေသေးမှန်းနားမလည်တော့ပေ။

The Matching Guys (Top)Där berättelser lever. Upptäck nu