အပိုင်း ၁၂ ( လူသတ်ရန်အကြံပေး)

24.1K 1.7K 67
                                    

Uni,

The Matching Guys (Part 12)

ပုလင်းကသိပ်မထူတာရော ခွန်းသန့်နောင်၏ခေါင်းမှာပုံမှန်လူတွေထက်ပိုမာတာကြောင့် ခေါင်းမပေါက်သွားပေ။ သို့ပေမဲ့ နာကျင်မှုတော့ရှိသည်။
စိုင်းခွန်းသန့်နောင် သူ့ခေါင်းသွေးထွက်မထွက် တစ်ချက်ကိုင်ကြည့်လိုက်ပြီးမှ

" ဟူး တော်သေးတယ်မပေါက်သွားလို့…"

ထိုအရက်မူးသမားကလည်း ဆရာဝန်​ကိုရိုက်မိ၍လန့်သွားကာ
" ကျွန်တော် ဆရာ့ကိုရိုက်တာမဟုတ်ဘူးနော် ကိုယ့်ဘာသာခံတာ" ဟုတုန်ရီစွာပြောလာသည်။

ခွန်းသန့်နောင် ထိုလူအား စိတ်ရှုပ်သည့်ပုံနဲ့ တစ်ချက်ကြည့်လိုက်ပြီး
" ရဲစခန်းမှာဆက်ပြော"လို့ပြောလိုက်သည်။

ထိုလူ၏မိန်းမကလည်း ခွန်းသန့်နောင်အား အားနာစွာကြည့်ပြီးတောင်းပန်စကားတွေဆိုသည်။

" ခွန်းသန့်နောင် ဘာဖြစ်သွားသေးလဲ"
ထက်ဝေဦးပါ ရောက်လာ၍မေးတာဖြစ်သည်။

" ဘာမှမဖြစ်ဘူး နည်းနည်းပါ သွေးတောင်မထွက်ဘူး"

" သွေးမထွက်လည်း စစ်ကြည့်ရအောင် လာပါ"

" ရပါတယ် ကိုယ့်အခြေအနေကိုယ်သိတယ် မလို..."
ခွန်းသန့်နောင် ငြင်းနေတုန်း ခွန်သာမှိုင်းပါရောက်လာကာ

" စိုင်းခွန်းသန့်နောင် သွားစစ်"
ဟုပြောလာတာကြောင့် ခွန်းသန့်နောင် ခေါင်းဆက်မမာရဲပေ။

" ဟုတ်တယ်နော် စစ်ကြည့်သင့်တယ်"
ပြောပြီး ထက်ဝေဦးလက်မောင်းကိုဆွဲကာ
" ထက်ဝေ မင်းပဲငါ့ကိုကြည့်ပေးပါအုံး "လို့ပြောလိုက်သည်။

ပုံမှန်အတိုင်းဆို ခွန်သာမှိုင်းနားကပ်ချွဲကာ သူ့ဒဏ်ရာကိုစစ်ခိုင်းမည်ဖြစ်သော်လည်း
ခွန်သာမှိုင်း၏ မျက်မှန်အောက်က မျက်၀န်းတွေမှာ အလွန်စူးရှနေပြီး သတ်ဖြတ်လိုစိတ်များကိန်းအောင်နေသည်ဟု ခွန်းသန့်နောင်ထင်မိကာ
ထက်ဝေဦးကိုအတင်းဆွဲခေါ်သွားတော့တာဖြစ်သည်။

….
ထက်ဝေဦး ခွန်းသန့်နောင် ခေါင်းအားသေချာစစ်ဆေးပေးလိုက်ပြီး
" တော်သေးတယ် တကယ်မပေါက်သွားလို့"

The Matching Guys (Top)Where stories live. Discover now