အပိုင်း ၇၁ ( သူငယ်ချင်းကောင်း)

18.7K 1.8K 114
                                    

Uni,

The Matching Guys (Part 71)

" သူဘယ်လိုတောင်လုပ်ရက်တာလဲ ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖေအရင်းကိုလေ"
ခွန်းသန့်နောင်မှာမယုံကြည်နိုင်စွာညည်းတွားသည်။

" သူအခုမြန်မာနိုင်ငံထဲတော့မရောက်လာသေးဘူး ။ ထိုင်းနိုင်ငံအတွင်းမှာပဲရှိအုံးမှာ။ ဒါပေမဲ့ ဒီကိုတရား၀င်နည်းလမ်းနဲ့လာလို့ရမှာမဟုတ်ဘူး"

" ကိုကိုတို့ သူ့ရဲ့အကြောင်းတွေမဖော်ထုတ်ခင်ကတည်းက ထိုင်းကိုရောက်နေတာဖြစ်မယ်။ ဖမ်း၀ရမ်းထုတ်ခံထားရတာ ဘယ်လိုမှသူ့လေဆိပ်ကိုဖြတ်လို့ရမှာမဟုတ်ဘူးလေ"

" အင်း ဒီဘက်ကိုနယ်စပ်ကနေတရားမ၀င်ခိုးလာလိမ့်မယ်။"

ခွန်းသန့်နောင် ခွန်သာမှိုင်းနဲ့ သေချာမျက်နှာချင်းဆိုင်ရင်း လက်ကိုဆုပ်ကိုင်လိုက်ကာ ပြောသည်။
" ကိုကို သူ့ဘာသာဘာဖြစ်ဖြစ် ကျွန်တော်တို့ကတရား၀င်ပဲဖမ်းမယ်နော်။
ဘာပဲဖြစ်ဖြစ်အကုန်ပြင်ဆင်ထားတာပဲဟာ။ ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လား ။

ကိုကိုကသူနဲ့မတူဘူး အဲ့တော့လုံး၀သူ့လိုလိုက်မလုပ်ပါနဲ့။ အလကားနေရင်း လက်အပေမခံနဲ့နော်။ ကျွန်တော်နဲ့ကိုကိုကတစ်သက်လုံးအတူနေရမှာ။ သူ့ကိုသတ်ဖို့အတွေးလုံး၀မတွေးထားပါနဲ့။ တစ်ခြားအကောင်းဆုံးနည်းလမ်းတွေနဲ့ဖြေရှင်းကြမယ်"

ခွန်းသန့်နောင်မျက်နှာတွင် ပြောင်ချော်စနောက်နေသည့်အမူအယာမျိုးရှိမနေပဲ
သူ့အားသေချာဖျောင်းဖျပြောဆိုနေတာဖြစ်သည်။ စဥ်းစားတွေးခေါ်စွမ်းတွေမြင့်နေသည့် လူကြီးလေးတစ်ယောက်လိုဟန်ပန်ဖြစ်နေပြီး လုပ်ချင်ရာလုပ်တက်သည့် ဂျစ်ကန်ကန် ပုံရိပ်လေးပင်ပျောက်နေသည်။

ခွန်သာမှိုင်း သူ့လက်ကိုရုတ်လိုက်၍ မတ်တပ်ထကာ
" အဲ့ဒါတွေ မင်းစိတ်ပူမနေနဲ့။ အပြင်ကိုတစ်ယောက်ထဲလျှောက်မသွားဖို့
ပြောထားတာသာသတိရ။ "
ပြောပြီး အခန်းပြင်ထွက်ဖို့ပြင်သည်။

ခွန်းသန့်နောင်ကအနောက်ကပြေးလိုက်ကာ ခွန်​သာ​မှိုင်းကျောပြင်ကျယ်ကြီးကိုဖက်လိုက်ရင်း

The Matching Guys (Top)Where stories live. Discover now