အပိုင်း ၃၆ (မရေမရာ ဆက်ဆံရေး)

21.9K 2.1K 180
                                    

Uni,

The Matching Guys (Part 36)

ခွန်းသန့်နောင်တို့ ဆေးရုံရှိကားပါကင်ထဲတွင် ကားကိုအစီစဥ်တကျထိုးရပ်လိုက်သည်။
ခွန်းသန့်နောင်တစ်ယောက် ခါးပတ်ဖြုတ်ကာ ကားပေါ်ကဆင်းမည်လုပ်တော့ ခွန်သာမှိုင်းကသူ့အားပြန်ဆွဲထားသည်။

" ဟင် ဘာလုပ်မလို့လဲ"
ခွန်းသန့်နောင်မေးရင်းသူ့ဘာသာအတွေးပေါက်ကာ ပြုံးဖြီးဖြီးဖြစ်သွားသည်။

" မဟုတ်မှကိုကို ကျွန်တော့်ကိုနမ်းမလို့လား။ " ပြောရင်း သူ့နှုတ်ခမ်းတွေကိုထော်လိုက်သည်။

ခွန်သာမှိုင်းက ခွန်းသန့်နောင်ကိုကြည့်ပြီး မသိမသာသက်ပျင်းချလိုက်ကာ ကားထဲရှိ အနာကပ်ပလာစတာလေးတစ်ခုအားယူလိုက်သည်။

ပြီးနောက်သူ့ချောင်းရှည်ရှည်လေးတွေက ခွန်းသန့်နောင်လည်ပင်းပေါ်ရွေ့လျားရင် ထိုအနာကပ်ပလာစတာဖြင့် ခွန်းသန့်နောင်လည်ပင်းထက် သူမနေ့ကချန်ထားခဲ့မိသော အနီရောင်ပန်းပွင့်လေးအား ဖုံးအုပ်ကာကပ်ပေးလိုက်လေသည်။

ထိုအခါမှခွန်းသန့်နောင်လည်း သူ့ခန္ဓာကိုယ်ရှိ markingရာများကိုသတိရသွားသည်။
ရေချိုးခန်း၀င်စဥ်က ထိုအရာများကိုတွေ့သော်လည်း လောနေတာကြောင့် သိပ်ဂရုမစိုက်မိချေ။
တစ်ခြားနေရာတွေက အင်္ကျီဖြင့်ဖုံးအုပ်ထားတာကြောင့် သူများမမြင်နိုင်သော်လည်း လည်ပင်းတွင်ထင်ကျန်နေသည်ကိုတော့ သိသိသာသာပင်မြင်နိုင်သည်။

ခွန်းသန့်နောင် မျက်ခုံးတွေတွန့်ချိုးလိုက်ရင်း ပြန်ဆွဲခွာလိုက်သည်။
" အား ဘာလို့ကပ်ပြီးဖံုးတာလဲ။ ဒါသက်သေတွေ မဖုံးနိုင်ပါဘူး။ တာ၀န်မယူချင်တိုင်းနဲ့ သက်သေပျောက်အောင် လုပ်နေတယ်"

" ခွန်းသန့်နောင် မင်း… မင်းဒီတိုင်းနေရအောင် အရှက်မရှိဘူးလား"

" ကိုကိုအတွေးလွန်နေပါပြီ။ ဒီတိုင်းအရာလေးတစ်ခုပဲကိုခြင်ကိုက်တာလည်း ဖြစ်နိုင်တာပဲလေ။ သူများတွေဘယ်လိုတွေးတွေးဂရုမစိုက်ပါဘူး။ ကျွန်တော်က ကလေးလည်းမဟုတ်ဘူး အရွယ်ရောက်ပြီးသားကိုဗျာ၊ ပြီးတော့တစ်ခုခုထင်ရင်လည်း ကိုကိုနဲ့လို့ဘယ်သူမှမထင်ဘူး ။ မိန်းကလေးတစ်ယောက်ယောက်နဲ့လို့ပဲထင်ကြမှာ စိတ်ပူမနေနဲ့။"

The Matching Guys (Top)Where stories live. Discover now