အပိုင်း ၂(ကျေးဇူးရှင်ကိုကို နားတွယ်ကပ်ကာနေမည်)

37.5K 2.5K 176
                                    

Uni..

The Matching Guys (Part 2)

မိဘမဲ့ဂေဟာသို့ အလှူရှင်မိသားစုများရောက်လာ၍ ဂေဟာပိုင်ရှင်နဲ့တစ်ကွ ကလေးအားလုံးနီးပါးပျှော်ရွှင်နေကြသည်။
အလှူငွေတွေ လိုအပ်သည့်ပစ္စည်းအ၀၀ကိုလှူပြီးသည့်အပြင် ကလေးတစ်ယောက်ပါ မွေးစားအုံးမည်ဖြစ်တာကြောင့် ထိုသဘောကောင်းသော မိသားစုထံလိုက်ချင်သည့်ကလေးကများနေသည်။

သို့ပေမယ့် ကလေးတစ်ယောက်ကတော့ အလှူရှင်တွေနဲ့ခပ်ကင်းကင်းသာနေပြီး ဘာမှဂရုမစိုက်ပေ။
နံရံပေါ်ရှိ အိမ်မြောင်နဲ့ တစ်ခြားပိုးမွှာကောင်တစ်ကောင်၏တိုက်ပွဲကိုသာ အသက်မဲ့စွာငေးကြည့်နေသည်။

တစ်ခြားကလေးတွေထက် ထိုကလေးကိုသာ အလှူရှင်မိသားစုကသဘောကျသွားလေတော့သည်။
အလှူရှင်မိသားစုထဲပို၍သဘောကျသူက စိုင်းခွန်းသန့်နောင်ဆိုသည့် ၇နှစ်သားကလေးလေးပင်

" ဒေါ်လေးအဲ့တစ်ယောက်ကို ခေါ်သွားရအောင်"ဆိုတာ လက်ညိုးထိုးပြရင်းပြောလိုက်သည်။

" သားသားက အဲ့ကိုကို ကိုသဘောကျလို့လား"

" အင်း..."
စိုင်းခွန်းသန့်နောင် သဘောကျသည်ဆိုတာထက် အနိုင်ကျင့်လို့ကောင်းမည့်သူထင်၍ရွေးလိုက်တာဖြစ်သည်။
တစ်ခြားကလေးများကအရမ်းလိုက်ချင်နေပုံပေါ်ပြီး ထိုကလေးကတော့ စိတ်မဝင်စား...။
အဲ့လိုမျိုးကိုသာ စိုင်းခွန့်သန့်နောင်ပိုသဘောကျပါသည်။

" သူလေးကိုသဘောကျတာလား အဲ့ကလေးလေးကဒီကိုရောက်တာတောင်ရက်ပိုင်းပဲရှိသေးတယ်"
ဟု ဂေဟာပိုင်ရှင်က ရှင်းပြသည်။

" အဲ့ကလေးလေးနာမည်က ဘယ်လိုခေါ်လည်း"
ဟု စိုင်းခွန်းသန့်နောင်၏မိဘနှင့်အဒေါ်တို့ကမေးတော့

" နာမည်တောင်မပေးရသေးပါဘူးရှင်။ သူ့အမေကအသတ်ခံရတာ...အဲ့ကလေးကစကားလည်းတစ်လုံးမှမပြောဘူး။ နာမည်လည်းမေးမရ။
ရပ်ကွက်ထဲကသူတွေက သူတို့နေတဲ့အခန်းက ပုတ်စော်အနံ့တွေထွက်နေလို့၀င်ကြည့်မှခေါင်းကို တူနဲ့ထုသတ်ခံထားရတဲ့ သူ့အမေအလောင်းရယ် ကြောင်တောင်တောင်နဲ့ငုတ်တုပ်ထိုင်နေတဲ့ အဲ့ကလေးလေးကိုတွေ့တာ။ သူတို့သားအမိအချက်အလက်ကလည်း ဘာမှမရှိ နောက်ဆုံး ကျွန်မတို့ဂေဟာကိုရောက်လာတာပါပဲ"

The Matching Guys (Top)Where stories live. Discover now