ပြောပြီး ကားသော့ကို ထုတ်ကာ ကမ်းပေးလိုက်သည်
"ကျစ်ဟန် ဘာလို့ ကားက ကိုယ့်ဘာကိုယ်မောင်းပြန်မှာလဲ "

"ငါမနက်ဖြန် Schedule မရှိဘူးလေ "
ကျိုးကျစ်ဟန်က ကားသော့ကို ယူကာ သူ့လက်ချောင်းမှာ လည် လိုက်ပြီး
" ဒီတပတ် ငါ့အတွက် အချိန်ဇယားမစီစဉ်ထားနဲ့ ၊ အတန်းသွားတက်ရမှာ မကြာခင် နှစ်ဝက်စာမေးပွဲရှိတယ်"

နှစ်ဝက်စာမေးပွဲ ? ရှရှီချင်းတစ်‌ယောက်အူတက်သွားတော့သည်၊ ကျိုးကျစ်ဟန်က လှည့်ကာ သူ့အား တချက်စိုက်ကြည့်လိုက်သည် ၊ ကားသော့ကို အိတ်ကပ်ထဲ ပြန်ထည့်ကာ ရိုက်ကွင်းနေရာမှ အဆောက်အဦး အပြင်နားရောက်တဲ့ထိ ရှောင်လော့ပုခုံးကို တွန်းကာ ထွက်သွားခဲ့သည် ၊ တက်စီပေါ်တက် သွားတာ တွေ့မှ မြေအောက်ထပ်ဆီ သွားရန်ပြန်လှည့်လာတော့ သူ့နောက်မှ ရှရှီချင်းတစ်ယောက် လိုက်လာတာကို တွေ့လိုက်ရသည်။

"ဘာလို့ လိုက်လာတာလဲ ?"
ဦးထုပ်ဆောင်းကာ မတ်တပ်ထားသော ကျိုးကျစ်ဟန်မှာ အသံအုပ်အုပ်ဝါးဝါးနဲ့ လက်ကလည်း အိတ်ကပ်ထဲ ထိုးထည့်ထား၏။

ဧပြီလ၏ အာရုံဦးမနက်စောစောအချိန်ဟာ အေးမြနေဆဲဖြစ်သည် ၊ အချိန်ရာသီဟာ အဝါရောင်တို့ ဠာနေ နွေဦးကာလ ဖြစ်သလို အချစ်ရေးအတွက်လည်း ‌အဝါရောင်သန်းသော နွေဦးအချိန်ပဲ ဖြစ်ပါ၏။

ရှရှီချင်းကလည်း တူညီစွာ လက်ကို အိတ်ကပ်ထဲထည့်ထားပြီး ကျိုးကျစ်ဟန်ဘေးတွေရပ်ကာ သူ့ပုခုံးကို ပုခုံးချင်းတိုက်လိုက်ပြီး မျက်နှာမှာလည်း အပြုံးလေးနှင့်ဆိုသည်
" ကိုလူချောကြီး အိမ်လိုက်ပို့ပေး"

သူရည်ရွယ်ချက်ရှိရှိ ကိုလူချောဆိုတဲ့ စကားကို ထည့်‌ပြောလိုက်ခြင်းသာ ၊ ကျိုးကျစ်ဟန် ရင်ခုန်သွားတဲ့အခါ ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ရုပ်လေးကို သဘောကျ၍ပင်။

ကျိုးကျစ်ဟန် တန့်သွားပြီး အသံကလည်း ပိုတိုးသွားသည်
"  ဘယ်သူက ခေါ်ပြန်မှာကျလို့ ၊ ကားတစီးခေါ်ပြီး ကိုယ့်ဘာကိုယ်  ပြန်ပေါ့ "

ကျိုးကျစ်ဟန်က သူဘာသာ ကားတံခါးဖွင့်ပြီး သူ့အား လိုက်ပို့ပေးဖို့ ရည်ရွယ်ချက်မရှိတာ မြင်တော့
ရှရှီချင်းတယောက် ထိုနေရာကို ကွေ့ပတ်ပြီး
" ဒါပေမဲ့လည်း အခုက အရမ်းနောက်ကျနေပြီဆိုတော့..."

I Only Like Your Character SettingsWhere stories live. Discover now