အပိုင်း(26)🏙️zawgyi

Começar do início
                                    

မေမေ အခုသူကို ဆက်ထုံးနဲ့ကွာရှင်းလိုက်ဖို့ပြောနေတာလား။ ငါကရော တစ်ကယ်သေချာ ပြတ်သားနိုင်ပြီလား။ ဆက်ထုံး အခုလုပ်သွားတဲ့ လုပ်ရက်အပေါ် သူစိတ်ပျက် စိတ်တိုမိပေ့မယ် ကွာရှင်းဖို့ဆိုတာက လက်တွေ့ကြသူ့စိတ်ကလက်မခံနိုင်သေး။

သူဘာလုပ်ရမလဲ မေမေနဲ့ထုံးကြား ကြာရင်သူရူးသွားရလိမ့်မယ်ထင်ပါတယ်။ ငါ အပေါ်မှာကော သူတစ်ကယ်ပြတ်သားနိုင်လို့ ထွက်သွားတာလား ။ငါစိတ်ဆိုးနေတုန်း မောင်းထုတ်မိတာကို သူသာတစ်ကယ်ချစ်ရင် ထွက်သွားမှာမဟုတ်ဘူး။ ငါဘာလုပ်ရမလဲ ငါဘာလုပ်သင့်လဲ ။

"မေမေ သားလေ..."

"အာ့!! ရင်ဘတ်ထဲကနာလိုက်တာ အောင့်လာသလိုပဲ နေရခက်လိုက်တာသားရယ် "

"မေမေ ဆေးသောက်မလား သားဆရာဝန်ခေါ်လိုက်မယ်"

"နေနေ ရတယ် ဆရာဝန်က မေမေကို စိတ်ဖိစီး မခံရင်ရပြီပြောထားတယ်။ မေမေခဏစိတ်ငြိမ်အောင် ထားလိုက်ဦးမယ်။  သားသေချာစဉ်းစားပါ ဘဝကို လက်တွေ့ကြကြ
စဉ်းစားပါသား တစ်ကယ်လက်ထပ် ခိုင်းတာမဟုတ်သလို နွားဖြစ်ခံစရာလဲမလိုပါဘူး အချိန်တန်ကွာရှင်း လူပျိုပြန်ဖြစ်တယ် ။ အခုချိန်ကိုယ်အရယူနိုင်မှာက Company ပဲသား "

သဏ္ဍန် ငိုင်ကြသွားသည်။ မဖြေရှင်းနိုင်တော့ မဝေခွဲမပိုင်ခြားနိုင်တော့ပါ။ ရူးမလိုမွန်းကြပ်ပိတ်လှောင်နေခဲ့ ပြီ ။ ထုံးကို ငါခွဲနိုင်တာ သေချာရဲ့လား။

"သား.."

"ဖေဖေ.."

သူဖေဖေကို အားကိုးတစ်ကြီးမော့ကြည့်မိသည်။ ဖေဖေ ကသူခေါင်းလေးကို ကိုင်ကာ

"မင်း မေမေအချိန်အကြာကြီး နေဖို့ မသေချာဘူး သား သူရှိနေတဲ့အချိန်လေးမှာ တစ်သက်လုံး ရွှေပေါ်မြတင်နေလာတဲ့ ဒေါ်ထင်သဏ္ဍန်ဟာ အထည်ကြီးပျက်ပါဆိုတဲ့ အသုံးနူန်းမျိုးဟာ သူကိုတစ်ခါထဲရိုက်ချပြစ်လိုက်လိမ့်မယ်။  ဖေဖေကြိုးစားမူ့ ညံဖျင်းခဲ့လို့ မိသားစုကို မကာကွယ်ပေးနိုင်ခဲ့ဘူး ဖခင်ကောင်းတစ်ယောက် ခင်ပွန်းကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ဘူး"

သဏ္ဍန် ခေါင်းကိုသာ ငုံ့ထားမိသည်။ ရင်ဘတ်ထဲမှာ တင်းကြပ်မူ့အပြည့်။

မောင့်.....သက်ဆက်ထုံး (Complete) Onde histórias criam vida. Descubra agora