Variety show မှာတွေ ထွေလာတွေက အဓိကဆိုတာမှန်းသိထားပေမဲ့ ဒီလောက်အထိeditမယ်မှန်းတော့ မထင်ထားခဲ့ပေ၊  စန်းစန်းဆီကနေ သူမေးခွန်းမေးခံရတဲ့အပိုင်းက ပါဝင်ပြီး ခံစားရတဲ့အရသာကတော့ လုံးဝကွာသည်။

"တကယ်လို့များက ရှင် သာမန်ကစားသမားမဟုတ်နေရင်ရော?"
စန်းစန်းရဲ့ထိုစကားသံက ကျိုးကျစ်ဟန်က သူ့ကို လက်ထိပ်ဖြုတ်ပေးနေတဲ့အချိန်မှာထည့်ထားသည်၊ခဏတော့ မြင်ကွင်းက သူနံရံမှာမှီပြီးထိုအမေးကိုအပြုံးနဲ့ ဖြေနေတဲ့နားရောက်သွားသည်။

"ကျွန်တော်သာ သတ်ဖြတ်သူဆိုရင် ကျိုးကျစ်ဟန်ကို အရင်ဆုံးသတ်ပစ်မှာပါပဲ "

အလယ်ရောက်တော့ ယွမ်ရှောက် ရတနာဘူးကို ဖွင့်နေပြီး ရှန်းစစ်ယွဲ့က ခုံမှာထိုင်ပြီးပြုံးကာ
" ကျွန်တော်ဖွက်ထားတာ"

ပြီးတော့ မြင်ကွင်းက တဖန် ကျိုးကျစ်ဟန်နဲ့သူ ပထမတုန်းက အခန်းထဲမှအချုပ်ခံထားရတဲ့ အပိုင်းဆီကိုပြန်ရောက်သွားသည်၊ ကြိုးချည်ခံထားရသော ကျိုးကျစ်ဟန်နဲ့ လက်ထိပ်ကော မျက်လုံးကော အပိတ်ခံထားရသော ရှရှီချင်းတို့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်မှာရှိနေသည်၊

စန်းစန်းရဲ့အသံက ထပ်ပေါ်လာသည်
" ရှရှီချင်းပြောတာ အမှန်တွေလား ကျစ်ဟန် မင်းက သတ်ဖြတ်သူပဲ "
ရုတ်တရက်စခရင်က အမှောင်ကျသွားသည်။

မဟုတ်ဘူး မှောင်သွားတာပဲမဟုတ်ဘူး ရှရှီချင်း နားကြပ်ကိုလက်နဲ့ ဖိကိုင်ထားလိုက်ကာ အသံရှုသံ မျင်းမျင်းလေး ကြားလိုက်ရသည်၊ အမှောင်ထဲမှာ ကျိုးကျစ်ဟန်က ရှရှီချင်းကို နံရံမှာ တွန်းကပ်လိုက်ပြီး သူ့ပါးစပ်ကို လက်နဲ့ အုပ်ထားတဲ့ အပိုင်းကို ရိုက်ကူးထားတဲ့ အပိုင်း ပေါ်လာသည်။

ကျိုးကျစ်ဟန်အသံက ထပ်ပေါ်လာသည်
" ကျွန်တော်သာ သတ်ဖြတ်သူဆိုရင်လည်း သူ့ကို အရင်ဆုံးသတ်မှာပါပဲ "

အခန်းထဲက သူတို့ရဲ့ တစ်ယောက်ချင်းစီ ပုံရိပ်တွေ အစဉ်လိုက်ပေါ်လာပြီး နောက်ဆုံးမှာ တံခါးက ပွင့်သွားပြီး အထဲကနေ ထွက်လာတဲ့ လူကိုတော့ မှုန်‌ဝါးထားကာ ဖုံးထားသည်။

I Only Like Your Character SettingsWhere stories live. Discover now