ယဲ့ကျင့်ထန်ရဲ့အတွင်းအားအမြစ်က.....

အကြီးကဲကျင့်သက်ပျင်းချလိုက်လေသည်။

ယဲ့ကျင့်ထန်သည်အဋ္ဌဂံစင်မြင့်ပေါ်တွင် မားမားမတ်မတ်တည်ငြိမ်စွာရပ်နေလေသည်။

လူလတ်ပိုင်းလူကြီးမှာ ယဲ့ကျင့်ထန်ပြင်ဆင်ပြီးသည်ကို မြင်သောအခါတွင်ဓားစက်သည်းကိုဖွင့်လိုက်လေသည်။

ထို့နောက်ကျောက်တုံးထဲရှိဓားသည် အလင်းရောင်များဖြင့်ဝိုင်းရံခံလိုက်ရလေသည်။ အနည်းငယ်တုန်ခါသွားပြီးနောက် အလင်းဓားရှည်များသည်ကျောက်တုံးထဲမှခွဲထွက်လာလေသည်။

ယဲ့ကျင့်ထန်အသက်ကိုတစ်ဝရှုလိုက်ပြီး အလင်းဓားရှည်များကိုတိုက်ခိုက်ရန်အသင်ဖြစ်နေချိန်တွင် ကျောက်တုံးထဲရှိဓား၏အရောင်မှာရုတ်တရက်ပြောင်းလဲသွားလေသည်။

အဖြူရောင်အလင်းတန်းမှာသွေးရောင်ကဲ့သို့နီမြန်းသောအရောင်များအဖြစ်ပြောင်းလဲသွားလေသည်။ ထို့နောက် စူးရှလှသောအသံကျယ်ကြီးတစ်ခု ကျောက်တုံးထဲကဓားထဲမှထွက်ပေါ်လာလေသည်။ ထိုဓားမှာအလွန်အမင်းတုန်ခါသွားပြီး မရေမတွက်နိုင်သောအလင်းအရိပ်များကို မြင်ရလေသည်။

လူလတ်ပိုင်းလူကြီးသည် ကျောက်တုံးထဲမှဓား၏ပြောင်းလဲမှုများကြောင့် သူသည်လှည့်ကြည့်လိုက်လေသည်။

ဘာဖြစ်သွားတာလည်း?

ဘာလို့ကျောက်တုံးထဲကဓားက အခုလိုရုတ်တရက်ပြောင်းလဲသွားရတာလည်း?!

သူသည်ကျောချမ်းသွားလေသည်။

ဓားစက်စည်းကိုဖွင့်လိုက်ရင် အဖြူရောင်အလင်းတန်းပဲ ထွက်ပေါ်လာရမည်ဖြစ်လေသည်။ ဘယ်လိုလုပ်ပြီးအလင်းတန်းကအနီရောင်ပြောင်းသွားတာလည်း?!

လူလတ်ပိုင်းလူကြီးသည်တစ်ခုခုလွဲနေသည်ကို ခံစားလိုက်ရလေသည်။ သူသည်ချက်ချင်းဓားစက်ကို ခေတ္တပိတ်ဖို့ကြိုးစားသော်လည်း သူ၏လက်ငခလုပ်မနေရင်း ကြီးမားသောမမြင်ရသောစွမ်းအင်တစ်ခုကတွန်းထုတ်လိုက်လေသည်!

စူးရှလှသောအသံကျယ်ကြီးသည်ထပ်မံ၍ ကောင်းကင်ကိုပင်ထိုးခွဲသွားတော့မည့်အလားထွက်ပေါ်လာလေသည်။ စက္ကန့်ပိုင်းအတွင်း အနီရောင်းအလင်းတန်းများဝန်းရံနေသော ကျောက်တုံးထဲကဓားသည်အရေမတွက်နိုင်သော အနီရောင်ဓားရှည်များကိုထုတ်လွှတ်လိုက်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now