🌷25🌷

30K 1.9K 289
                                    

သတိလစ်နေတဲ့ ခန္ဓာကိုယ်ကြီးကို ထိန်းပိုးသယ်ထားရင်း ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းကာ မြို့ဆေးရုံကိုတင်ဖို့ ပြင်ရသည်။တစ်ဖက်က မအေးမာမှာလည်း ကိုဝင်းအောင်ကို ထိန်းကာ ငိုသံပါကြီးဖြင့် အော်ခေါ်နေတဲ့အသံကိုပါ ကြားလိုက်ရသည်။ ဒါဆို ကိုဝင်းအောင်ပါ ပြန်ရောက်လာပြီပေါ့။

"မောင် မောင် ချစ်လွန်းခေါ်တာ ကြားရရဲ့လား မောင်! "

သတိလစ်နေသူရဲ့ ပါးပြင်ကို ကိုင်ကာလှုပ်နှိုးနေမိရင်း မျက်ရည်တွေ ကျနေမိသည်။ ဘယ်လိုပင်ပန်းဆင်းရဲတဲ့ဒဏ်တွေ ခံခဲ့ရလို့ ဒီလောက်တောင် ပိန်သွားရသလဲ။ မျက်တွင်းတွေကျနေပြီး ပါးရိုးတွေတောင် ထွက်နေသလိုမျိုး။နှုတ်ခမ်းတွေက ဖျော့တော့နေပြီး လုံးဝကို အားအင်မရှိတော့တဲ့ လူတစ်ယောက်လို။ချစ်လွန်းလည်း ကြည့်မနေနိုင်တော့တာကြောင့် ပတ်ဝန်းကျင်အကူအညီဖြင့် ချက်ချင်းစက်လှေငှားကာ မြို့ကိုခေါ်လာခဲ့လိုက်သည်။ကိုယ့်ဗိုက်ကိုတောင် ဂရုမစိုက်အား အပြေးအလွှားဖြင့် လိုအပ်တာတွေ ထည့်ရင်း စီစဥ်စရာရှိတာတွေလည်း လုပ်ရသေးသည်။ တစ်လမ်းလုံးလည်း မောင့်ရဲ့လက်တွေကို ဆုပ်ကိုင်ထားကာ သတိပြန်လည်လာမလား စောင့်ကြည့်နေမိသည်။

"မောင်ရယ် "

မောင်ရယ်ဆိုတဲ့စကားကို ချစ်လွန်း ဘယ်နှစ်ကြိမ်တောင် ရေရွတ်နေမိမှန်းမသိ။ မောင့်မျက်နှာကို ကြည့်ကာ စိတ်မချမ်းမြေ့ရလွန်းလို့ စိတ်မကောင်းဖြစ်ရလွန်းလို့ အားနာမိတာလည်း အထပ်ထပ်အခါခါ။ ချစ်လွန်းအတွက် ကလေးအတွက်ဆိုပြီး ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေးရတဲ့ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ ပင်ပန်းမှုတွေကို ချစ်လွန်း ကိုယ်ချင်းလည်းစာသလို နားလည်သဘောပေါက်မိသည်။

"မောင်က ပင်ပန်းလို့ ရှာမကျွေးတော့ဘူးဆိုရင်တောင် ချစ်လွန်းက တစ်လှည့်ပြန်ရှာကျွေးမယ့် သူပါ မောင်ရယ် ကျေးဇူးပြုပြီး နေမြန်မြန်ပြန်ကောင်းလာပါနော် "

"ချစ်လွန်းတို့ စကားတွေအများကြီး ပြောကြမယ်လေ ချစ်လွန်းဘက်ကလည်း မောင့်ကိုသိပ်ချစ်တယ်ဆိုတာ မပြောရသေးဘူးလေ မောင်ရယ် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now