🌷6🌷

32K 2.1K 50
                                    

"ကျုပ်မှာတာ မမေ့နဲ့နော် "

"အင်းပါ "

"အိမ်မှာဘဲနေနော် ပျင်းရင် သီချင်းနားထောင် "

"ဟုတ်ကဲ့ပါ "

"လာမရွဲ့မနေနဲ့ ချစ်လွန်း "

"မရွဲ့ပါဘူး တကယ်ပြောတာ "

တတွတ်တွတ်မှာနေသူကို ကြည့်ကာ ချစ်လွန်း ရယ်ချင်စိတ်ကို ဖျောက်ထားရသည်။အပြင်မသွားဖို့ မှာနေတာ လူသစ်တွေ ရောက်တယ် ကြားကတည်းက။ အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေသူအနား လက်လေးနောက်ပစ်ကာ လိုက်ရင်း ဉာဏထင်ပြောသမျှကို ခေါင်းလေးတညိတ်ညိတ်ဖြင့် နားထောင်နေရသည်။

"ပြီးရော "

"အင်း "

"သွားပြီနော် ခင်ဗျား "

"အင်း အင်း "

တဲခြံပေါက်ဝအထိ အလုပ်သွားတဲ့သူကို လိုက်ပို့ပေးပြီး တရွေ့ရွေ့ထွက်သွားသူရဲ့ ကျောပြင်ကို ငေးကြည့်နေမိသည်။ ဒီရက်ထဲ ရွာထဲမှာ လူအသစ်တွေ ရောက်လာတာမို့ ဟိုဟိုဒီဒီ လျှောက်မသွားဖို့လည်း အသွင်သွင်မှာသွားသေးသည်။ ဉာဏထင် မျက်လုံးထဲက ပျောက်သွားတာနဲ့ ချစ်လွန်းလည်း တံခါးကို စေ့ပိတ်လိုက်ကာ ကြီးတော်ဆီ မှာထားတဲ့ မျိုးစေ့တွေကို စိုက်ရန် ပြင်လိုက်သည်။ ချဥ်ပေါင်ပင်၊ သခွားသီးပင်၊ ပဲတောင့်ရှည်ပင်၊ ခရမ်းချဥ်သီး၊ ခရမ်းချိုသီးတွေအပြင် ဗူးပင်ရဲ့ မျိုးစေ့တွေပါ ပါသေးသည်။ ဒါတွေကို သူမသိအောင် ဖွက်ထားရသေးတာ။

"ချစ်လွန်းလေး ဘာတွေလုပ် "

"အယ် အစ်မလှလှ "

"ဟုတ်ပါ့ နောက်ဖေးမှာ တစ်ယောက်ထဲ လုပ်နေတာတွေ့လို့ ကူးလာတာ "

"ဟီး အပင်လေးတွေစိုက်မလို့ အစ်မရဲ့ သီးပင်စားပင်တွေပေါ့ "

"ချစ်လွန်းလေးက စိုက်တတ်တယ်လား "

"ချစ်လွန်းတို့ရွာမှာ အရင်တုန်းက ​ ​ယာစိုက်တယ်လေ အစ်မရဲ့
ဦးလေးမိသားစုနဲ့ နေခဲ့ရတုန်းက ယာထဲလိုက်ခဲ့ရတယ်လေ "

"ဟယ် ချစ်လွန်းလို နုနုဖတ်ဖတ်လေးကို ခိုင်းရက်ကြသလား "

"ဒီလိုပါဘဲ အစ်မရယ် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now