🌷15🌷

30.6K 2K 169
                                    

"ရေခပ်ဆင်းတာလားဝေ့ "

"ဟုတ်တယ်! "

မကောင်းတဲ့ အဖြစ်အပျက်တစ်ချို့ ဖြစ်သွားပြီးတဲ့နောက်မှာတော့ ဉာဏထင်က ချစ်လွန်းပိုပိုကို မျက်စိအောက်က အပျောက်မခံတော့။ ဉာဏအနားက အလွန်ဆုံးဝေးဝေးသွား ခြောက်ပေလောက်ဘဲ။ မြင်ကွင်းထဲက ပျောက်တာနဲ့ လိုက်ရှာတော့တာ။ နောက်ဆုံး တောင်ပေါ်မှာ ပစ္စည်းတွေ သွားပြန်ယူတဲ့အထိ ချစ်လွန်းပိုပိုကို ခေါ်သွားတာ မိုးတွေရွာလို့ တောင်ပေါ်မှာ ညအိပ်လိုက်ရပြီး နောက်နေ့မှ ပြန်ဆင်းလာခဲ့တာ စသဖြင့် မျက်စိအောက်က မပျောက်ကို မခံခဲ့ပေ။ ယခုလည်း ရေသွားခပ်မလို့ကို ချစ်လွန်းက မသိချင်ယောင်ဆောင်ပြီး မလိုက်ဘဲနေတာတောင် စောင့်ပြီးခေါ်နေတာမို့ ထလိုက်လာခဲ့ရတာ ဖြစ်သည်။လမ်းမှာ ဟိုလူဒီလူ နှုတ်ဆက်တော့လည်း မျက်မှောင်ကြုံလျှက် ကောင်းကောင်းလည်း ပြန်မဖြေ။

"ဘာဖြစ်တာလဲ ကောင်းကောင်းဖြေလေ "

"အပိုလုပ်ပြီး မေးနေတာကို "

"ဟောကြည့် "

ချစ်လွန်းမှာ သက်ပြင်းကလေးချမိတော့သည်။ ကိုနေမင်းပိုင်တို့ လာတောင်းပန်သွားတာတောင် ခွင့်လွှတ်မပေးနိုင်သူရဲ့ စိတ်မှာ ဒေါသတွေနဲ့ ဘယ်လောက်ပူလောင်နေမလဲဆိုတာ ချစ်လွန်းသိသည်။ ချစ်လွန်းကတော့ ပြန်မတွေးချင်တဲ့ ကိစ္စမို့ ခေါင်းထဲကို မထည့်ထားတော့သလို ထိုသူတွေကိုလည်း မသိခဲ့သလို နေလိုက်ပြီမို့ စိတ်အေးလက်အေး ဖြစ်သွားပြီ။ ဉာဏကတော့ ထိုသို့မဟုတ်ဘဲ တောင်းပန်တာကို လက်မခံဘဲ နှစ်ရက်အတွင်း ရွေ့ပေးဖို့ ကိစ္စကိုသာ အကောင်အထည်ဖော်စေခဲ့သည်။ ဉာဏရဲ့ ပြောစကားကို ချစ်လွန်းက မတားခဲ့သလို ဉာဏကိုလည်း ဒေါသတွေဖြင့် မပူလောင်စေချင်တာ အမှန်ပင်။

"ရေချိုးမှာလား ခင်ဗျား "

"ဒီမှာချိုးရမှလား "

"အိမ်ရောက်မှပေါ့ "

"ချိုးမယ်လေ "

"အဲ့ဒါဆို ကျုပ်ကို ခဏစောင့် ဒီမှာချိုးသွားလိုက်မယ် "

"အင်း အင်း "

ချစ်လွန်းလည်း ကမ်းနားစပ်မှာ ထိုင်နေရင်း ရေချိုးနေတဲ့သူတွေဆီ လှမ်းကာငေးနေလိုက်သည်။ ဒီရက်ထဲ ဖောင်သွားဖွဲ့ပြီးတာနဲ့ မြို့တက်ဖို့ လုပ်ထားကြတာ။ မြို့မှာ ရွှေလေးသွားရောင်းပြီး မိုးတွင်းအတွက် လိုအပ်တဲ့ ရိက္ခာနှင့် ဆေးဝါးတွေ ဝယ်ရမယ်လေ။ အတွေးတွေဖြင့် ဉာဏကို ငေးကြည့်နေစဥ် နှာခေါင်းဝမှာ အနံ့တစ်ခု ကျီစယ်လာလို့ ကြည့်လိုက်တော့ ပန်းတွေဝေနေအောင်ပန်ထားတဲ့ မမဥမ္မာရယ်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now