🌷17🌷

31.4K 2K 122
                                    

တစ်ညနေလုံး ဘုရားစောင်းတန်းက အောက်ဖက်ကိုဆင်းတဲ့ လှေကားထစ်မှာ နှစ်ယောက်သား ထိုင်နေခဲ့ကြပြီး နေဝင်တဲ့အချိန်ကြမှ ဘုရားရင်ပြင်တော်ပေါ် ပြန်တက်ကာ တည်းခိုလို့ရမယ့် ဘုန်းကြီးကျောင်းကို ရှာရသည်။ တစ်ပါးထဲ သီတင်းသုံးနေထိုင်တဲ့ ကျောင်းဆောင်လေးတွေတော့ တွေ့ပေမယ့် သူတို့နှစ်ယောက်တောင်ဆို အဆင်မပြေဖြစ်မှာစိုးတာကြောင့် နားခိုခွင့်မတောင်းတော့ဘဲ တည်းခိုလို့ရမယ့် ဘုန်းကြီးကျောင်းကို မေးကြည့်မိတော့ လင်းလွန်းပင် ဘုန်းကြီးကျောင်းကို ညွှန်လိုက်ကြသည်။ ဒါကြောင့်မို့ နှစ်ယောက်သား လင်းလွန်းပင်ဘုန်းကြီးကျောင်းကိုသာ သွားလိုက်ကြပြီး ကျောင်းထိုင်ဘုန်းကြီးထံ တစ်ညတာ တည်းခိုခွင့် တောင်းလိုက်ကြသည်။

"ဒါယိကာလေးတို့က ဘယ်က လာကြတာလဲကွဲ့ "

"ငြိမ်းချမ်းသီတာကပါ ဘုန်းဘုန်း စက်လှေမမှီတော့လို့ ဒီမှာ တစ်ညလုံး တည်းချင်လို့ပါ "

"သြော် ငြိမ်းချမ်းသီတာက တောင်ပေါ်ကဘဲ "

"တင်ပါ့ ဘုရား "

"အလုပ်အကိုင်တွေရော အဆင်ပြေရဲ့လား "

"မိုးတွင်းဆိုတော့ နားရပါပြီ ဘုရား"

"အေးပေါ့ မိုးတွင်းလည်း ဖြစ်နေပြီကို "

"တင်ပါ့ "

လက်အုပ်ချီလျှက် ဘုန်းကြီးကို လျှောက်တင်နေသူက ဉာဏထင်ရယ်။ ချစ်လွန်းလည်း လက်အုပ်လေးချီထားပြီး ငြိမ်ငြိမ်လေး နေရင်းက ဉာဏထင်က ဒီလိုလည်း ရတာဘဲလားဟု တွေးနေမိသည်။

"အေး အေး ဒါဆိုလည်း နားကြလေ ဘုန်းဘုန်းကတော့ တရားထိုင်အုံးမယ် လိုအပ်တာတွေ ကိုရင်လေးတွေ မေးကြည့်လိုက်နော် "

"တင်ပါ့ဘုရား ကျေးဇူးတင်ပါတယ် ဘုရာ့ "

"အေး အေး ကိုရင်! ဧည့်သည်တွေကို နေရာချပေးလိုက်အုံး စောင်တွေခြင်ထောင်တွေပါ ချပေးလိုက် "

"တင်ပါ့ တပည့်တော် လုပ်ပေးလိုက်ပါ့မယ် ဘုရာ့ "

ဘုန်းဘုန်းကို ရှိခိုးဦးချခဲ့ပြီး နှစ်ယောက်သား ကိုရင်လေး ခေါ်သွားတဲ့ နေရာသို့ လိုက်သွားလိုက်ကြသည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now