🌷18🌷

32.7K 2K 206
                                    

အလင်းမရှိနေတဲ့ နေရာတစ်ခုကို ရောက်နေသလို အရာရာက ပိတ်မှောင်နေပြီး စမ်းတဝါးဝါးဖြင့် လမ်းလျှောက်နေရသလိုမျိုး။ ရင်းနှီးနွေးထွေးတဲ့ အငွေ့အသက်လည်း မခံစားရသလို စိမ်းသက်နေတဲ့ အထိအတွေ့တွေသာ ခံစားနေရသည်။ ချစ်လွန်း ဘယ်နေရာကို ရောက်နေတာလဲ။ ခံစားချက်က မျက်လုံးကို ခပ်ကြမ်းကြမ်း အုပ်ခံထားရပြီး အမှောင်ထုထဲရောက်နေသလိုမျိုးနဲ့ မျက်လုံးတွေ ဖွင့်မရဖြစ်နေခဲ့တာ။ ရှေ့မှာဘာရှိမယ်မှန်းလည်း မသိရဘဲ ချောက်ကမ်းပါးထိပ်မှာရပ်နေရသလို ရင်တွေတလှပ်လှပ်။

"အဟင့် ဉာဏ"

ဒီအချိန်မှာ တစ်ဦးတည်းသော အားကိုးရာက ဉာဏဘဲ။ ချစ်လွန်းကို ကာကွယ်ပေးနိုင်တဲ့သူ၊ ဂရုစိုက်ပေးနိုင်တဲ့သူ။ ထိုသူ အနားမှာမရှိတာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက စိမ်းသက်သလို ဖြစ်နေတာ။

"ဉာဏ ဉာဏ "

စမ်းတဝါးဝါးဖြင့် ဉာဏကို တသွင်သွင်ခေါ်နေသော်လည်း ပြန်ထူးသံ မကြားရတာကြောင့် ချစ်လွန်းမှာ အားငယ်လာရသည်။ စိုးထိတ်လာတဲ့ စိတ်တွေနဲ့အတူတူ ငိုချချင်လာမိတဲ့အထိ။ ဉာဏက ဘာလို့ပြန်မထူးရတာလဲ။

"ဉာဏ "

တစ်ဦးတည်းသော အားကိုးရာဖြစ်တဲ့ ဉာဏကိုလာ တကျော်ကျော်အော်ခေါ်မိရင်း မှောင်မှောင်မဲမဲထဲ လျှောက်သွားနေမိသည်။

"မေမေ "

"ဟင် "

ကလေးလေးတစ်ယောက်ရဲ့ အသံက ချစ်လွန်းရဲ့ နှလုံးအိမ်ကို နွေးနွေးထွေးထွေးလေး ဖြစ်သွားစေသည်။ ပြီးတော့ မေမေတဲ့လေ။ ချစ်လွန်းကို မြင်နေရလို့များ မေမေလို့ ခေါ်နေသလား။

"မေမေ "

"ဟင် "

"မေမေနဲ့ နေချင်တယ် "

"အို "

မှောင်မိုက်နေချိန်မှာ တွေ့လိုက်ရတဲ့ အလင်းစက်ကလေး တစ်ခုလို။ ချစ်လွန်းရဲ့ ကမ္ဘာလေးထဲမှာ အလင်းတန်းလေးတစ်ခုပေါ်လာသလိုမျိုးဘဲ။ သို့ပေမယ့် ကလေးငယ်ရဲ့ ပုံရိပ်ကို သဲသဲကွဲကွဲမမြင်ရချေ။ ချစ်လွန်းလည်း မြင်နေရတဲ့ အရိပ်ကလေးကို မှန်းဆကြည့်ရင်း

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now