🌷24🌷

26.3K 1.9K 292
                                    

"လူနာ ချစ်လွန်းပိုပို ဝင်လို့ရပါပြီ "

ဆေးရုံခန်းထဲက ဆရာမရဲ့ခေါ်သံကြောင့် ချစ်လွန်းလည်း ထိုင်နေရာက ခပ်ဖြေးဖြေးထလိုက်ပြီး အခန်းထဲဝင်သွားလိုက်သည်။ ဆရာမက ချစ်လွန်းကို တွေ့တာနဲ့ ပြုံးပြလာပြီး

"ဘယ်လိုလဲ နေကောင်းရဲ့လား ပိန်သွားသလိုဘဲနော်! "

ဆရာမက ချစ်လွန်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မျက်ခုံးတွေ ကျုံ့၍ မေးလာတာကြောင့် ချစ်လွန်း ကျောထဲစိမ့်သွားသည်။

"ပုံမှန်ဆို ကိုယ်ဝန်ဆောင်တွေက ကိုယ်အလေးချိန်တက်ရမှာလေ အမျိုးသားရော "

ဆရာမက အပြင်ဘက်ကို ကြည့်ကာ ပြောလာတော့ ချစ်လွန်းက ခေါင်းခါပြလိုက်ရင်း

"သူအလုပ်သွားနေလို့ ဆရာမ အသိအစ်မနဲ့လာတာ "

"အိမ်မှာက တစ်ယောက်ထဲနေခဲ့ရတာလား "

"ဟုတ် "

"အဲ့လိုဆိုရင်တောင် ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်လေ ကိုယ်ကိုတိုင် အာဟာရပြည့်နေမှ ကျန်းမာနေမှ ဗိုက်ထဲက ကလေးကျန်းမာမှာ "

"ဟုတ်ကဲ့ "

"ဆေးတွေရော ပုံမှန်သောက်ရဲ့လား "

"သောက်ပါတယ် ဆရာမ "

"ဟုတ်ပြီ အခုအားဆေးထိုးပေးလိုက်မယ် အစားများများစား အိပ်ရေးဝဝအိပ် စိတ်ကို ကြည်နေအောင်ထား ဟုတ်ပြီလား "

"ဟုတ်ကဲ့ဆရာမ "

ဉာဏထင်မပါတော့ စိတ်ထဲ ဟာတာတာနဲ့ရယ်။ ခြေလှမ်းတွေဘဲ ရှေ့ဆက်မလှမ်းချင်တော့သလို၊ တွေ့တဲ့နေရာမှာဘဲ ပစ်လှဲချလိုက်ချင်သလိုဖြင့် လေးလံထိုင်းမှိုင်းနေသည်။ အရာရာက လွမ်းတဲ့စိတ်ဖြင့် ထုံထုံထိုင်းထိုင်း။
ဆရာမကတော့ အားဆေးထိုးပေးရင်း ဂရုစိုက်ဖို့ရာ တဖွဖွပြောနေ၏။ ချစ်လွန်း အားဆေးထိုးပြီးတဲ့အချိန် ဆရာမက လ်ိုအပ်တဲ့ဆေးတွေ ရေးပေးနေတုန်း အစ်မလှလှတစ်ယောက် မုန့်ထုပ်တွေဆွဲကာ ရောက်ချလာတော့သည်။ ချစ်လွန်းက အထဲမှာမို့ အစ်မလှလှနဲ့ အစ်မအေးမာမှာ အခန်းဝကနေ ပြူတစ်ပြူတစ်လုပ်ကာ ကြည့်နေကြသည်။ ချစ်လွန်းလည်း ဆရာမဆီ​က လိုအပ်တာတွေယူပြီး နှုတ်ဆက်ကာ ပြန်ထွက်လာတော့ နှစ်ယောက်သားက တစ်ဖက်တစ်ချက်စီက လာတွဲပေးကြသည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Wo Geschichten leben. Entdecke jetzt