🌷10🌷

30.5K 2.1K 167
                                    

ဒီနေ့နဲ့ဆို ဉာဏသွားတာ ငါးရက်မြောက်ရှိနေပြီ။ စာမလာ သတင်းမကြားနဲ့ အဆင်မှပြေရဲ့လား တွေးကာ ချစ်လွန်းမှာ ညတိုင်းဘုရားရှိခိုးကာ ဆုတောင်းနေရသည်။ ချောဆွဲခံရတာတွေ ကမ်းပါးပြိုကျလို့ လူပိတာတွေ ကြားရတော့ ချစ်လွန်းမှာ ပိုလို့တောင် စိတ်ပူရသည်။ လက်လုပ်လက်စားသမားတွေ ဘဝက တကယ်ကို မလွယ်ကူပေ။ အဘက်ဘက်က လာမယ့်အန္တရာယ်ကို ကြောက်နေရပြီး သတိထားရှင်သန်နေရသည်။

"အဆင်ပြေမှာပါ "

စိတ်သက်သာရာရအောင် ခပ်တိုးတိုး ရေရွတ်ရင်း အဝတ်တွေ ထုတ်လှန်းနေမိသည်။ ဉာဏထင် သွားတဲ့ငါးရက်လုံး ချစ်လွန်းမှာ အိမ်ထဲ ခြံထဲမှာဘဲ အပင်တွေကို ကြည့်လိုက် လုပ်စရာလေး ရှာလုပ်လိုက်ဖြင့် ဖြတ်သန်းနေရသည်။ နေ့ခင်းဘက်ဆို ကလေးနှစ်ယောက်က ချစ်လွန်းနဲ့ လာလာနေတာကြောင့် ပျင်းတယ်လို့တော့ မရှိ။ ညဘက်တွေဆိုရင်တော့ ဘုရားရှိခိုးကာ ဉာဏထင် ထားပေးခဲ့တဲ့ ရေဒီယိုလေးကို အဖော်ပြုကာ စောစောစီးစီး အိပ်ယာဝင်ဖြစ်သည်။

"သြော် ချစ်လွန်းက အဝတ်လှန်းနေတာဘဲ "

"ဟင် ကိုနေမင်းပိုင် "

ရုတ်တရက်မို့ ချစ်လွန်းရဲ့ ခန္ဓာကိုယ်လေး တုန်သွားတဲ့အထိ လန့်သွားပြီး နောက်ကို လှည့်ကြည့်လိုက်တော့ ချစ်လွန်းကို  ရွှန်းရွှန်းစားစား ကြည့်နေတဲ့ ကိုနေမင်းပိုင်။

"အရှေ့မှာ မတွေ့တာနဲ့ အနောက်အထိ ဝင်လာလိုက်တာ အနှောက်အယှက်ဖြစ်သွားလားဟင် "

"ဖြစ် ဖြစ်တယ် အိမ်ရှေ့ကဘဲ စောင့်ပေးနော် ချစ်လွန်း ဒါလေးလှန်းပြီးရင် ထွက်လာခဲ့လိုက်မယ် "

အားနာပေမယ့်လည်း ချစ်လွန်း ပြတ်ပြတ်သားသားဘဲ ပြောလိုက်မိသည်။ ပတ်ဝန်းကျင်အမြင်မှာ တစ်မျိုးတစ်မည်ထင်မှာကို ချစ်လွန်း မခံလို။ တော်ကြာ ဉာဏထင်မရှိတဲ့အချိန် ယောက်ျားလေးတွေ အိမ်ထဲခေါ်ထည့်နေတယ်လို့ အတင်းပြောနေမှဖြင့် ချစ်လွန်းရဲ့ သိက္ခာတွေ ရစရာမရှိ ဖြစ်ပေလိမ့်မည်။

"သြော် ချစ်လွန်းရယ် ပြောစရာလူတွေကျနေတာဘဲ ရင်းဘဲရင်းနှီးနေပြီကို "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now