🌷22🌷

28.2K 1.8K 161
                                    

" @#$%* "

" ဆင်းသွားနော် အခုချက်ချင်း ဆင်းသွားပါရှင့် "

"သေချင်ရာသေ ပြန်မလာနဲ့ ဟဲ့အကောင် "

မိုးတောင်မလင်းသေးတဲ့အချိန် မျက်စောင်းထိုးတဲက လင်မယားနှစ်ယောက် ရန်ဖြစ်နေတာကြတာမို့ ချစ်လွန်းလည်း နိုးလာရသည်။ အမှန်တော့ မနက်သုံးနာရီခွဲလောက်ထဲက နိုးနေတာ။ ဒီနေ့မြို့တက်ပြီး ဗိုက်ပြရမှာနဲ့ စျေးရောင်းရတာရှိတာမို့ လိုအပ်တာတွေပြင်ဆင်ပြီး ခဏပြန်အိပ်နေတာဖြစ်သည်။ နိုးလာလို့ ဘေးကိုကြည့်မိတော့ ဉာဏထင်ကမရှိ။ ချစ်လွန်းလည်း ကုန်းရုန်းထရင်း အခန်းအပြင်ကို ထွက်လာခဲ့လိုက်သည်။ ဒီနေ့မှ ထူးထူးခြားခြား မိုးလင်းလာတာနဲ့ အသံပေါင်းစုံထွက်တတ်တဲ့ ရွှေဂဲလေးကလည်း အသံတိတ်လို့နေသည်။

"သွားရလာရမှာကို ဉာဏက ဘယ်ရောက်သွားပြန်လဲ မသိဘူး "

ချစ်လွန်းလည်း ရေရွတ်လိုက်ပြီး ရွှေဂဲလေးရှိရာကို သွားကြည့်ရန်အတွက် တဲအပြင်ကို ထွက်လာခဲ့သည်။ တဲအပြင်ကို ရောက်လို့ ခြံပေါက်ဝကို လှမ်းကြည့်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြသင့်သွားရသည်။ ခြံပေါက်ဝက ခြံတိုင်ကို ကွယ်ကာ ပုန်းလျှိုးကွယ်လျှိုးဖြင့် အပြင်ဘက်ကို ကြည့်နေတဲ့ ဉာဏထင်။ ပုခုံးပေါ်မှာလည်း ရွှေဂဲလေးကို တင်ထားလိုက်သည်။ ရွှေဂဲကလည်း အသံတိတ်ဖြင့် ဉာဏထင်ပုခုံးပေါ်မှာ အတောင်လေး ဖြန့်ကာဖြန့်ကာ လုပ်နေသည်။ ထိုအချိန်မှာဘဲ ရန်ဖြစ်နေတဲ့လင်မယားဆီမှ အသံထပ်ထွက်လာသဖြင့် ချစ်လွန်း အရှေ့ကမြင်ကွင်းကို သဘောပေါက်သွားရသည်။

"စပ်စုနေလိုက်တာ "

နောက်ပိုင်းသိလာတာက ဉာဏထင်က တအားစပ်စုတတ်တာ။ သူ့ကိုကြည့်လိုက်ရင် ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါတတ်ဘူး သူများကိစ္စကို စိတ်မဝင်စားတတ်ဘူးလို့ ထင်ရပေမယ့် ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်ဖြင့် စပ်စပ်စုစုနိုင်တဲ့သူဖြစ်ကြောင်း ချစ်လွန်း သတိထားမိသည်။ ဒီအကျင့်ရှိတာ သူ့ကိုယ်သူတောင် သိရဲ့လားမသိချေ။

"ဘာလုပ်နေတာလဲ အဲ့ဒါက! "

"ဟမ် အာ နိုးပြီလား ခင်ဗျားက "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now