🌷1 🌷

95.5K 2.9K 180
                                    

"ဟာ ငါ-ီး စောက်ပြဿနာဘဲ "

ဉာဏထင်တစ်ယောက် ရင်ခွင်ထဲရောက်နေတဲ့ သူကို ငုံ့ကြည့်ရင်း ရေရွတ်မိ၏။ဆံနွယ်ရှည်ရှည်တွေက မျက်နှာကို ဖုံးအုပ်ထားပြီး ရင်ခွင်ထဲတိုးဝင်ကာ ခါးကိုကျစ်နေအောင် အဖက်ခံထားရတာမို့ ဘယ်သူဘယ်ဝါဆိုတာ ကြည့်လို့မရသေး။ ခါးက လက်နှစ်ဖက်ကို ခပ်ဖြေးဖြေးခွာချရင်း ရင်ခွင်ထဲတိုးဝင်နေသူရဲ့ ဦးခေါင်းကို ဘေးက ခေါင်းအုံးပေါ်ဆီ တင်ပေးလိုက်မိ၏။ပြီးမှ မျက်နှာကို ကြည့်မိတော့

"ဟင်! ချစ်လွန်းပိုပို "

ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာကို တွေးဖို့ ခေါင်းကိုအလျင်အမြန်အလုပ်ပေးရ၏။ညက ရွာသားတွေ စုပေါင်းပြီး မီးပုံပွဲလေးလုပ်ကာ စားကြသောက်ကြခဲ့တာ။အရက်ဝင်ရင် မကောင်းတာတွေ ဖြစ်တတ်လွန်းတဲ့ ဉာဏထင်က ကိုယ့်အကြောင်း ကိုယ်သိတာမို့ မသောက်သော်ငြားလည်း ဘေးတဲက ကိုဝင်းအောင်က အတင်းတိုက်တာမို့ သောက်လိုက်ရ၏။ရီဝေဝေ ဖြစ်လာတဲ့အချိန် ရွာက သမီးပျိုလေးတွေ မီးပုံဘေး လာရောက်ကာ စကားပြောကြတာကိုလည်း မှတ်မိသေး၏။ချစ်လွန်းပိုပို ပါလည်း မပါလား သူမသိ။

"ဟား ဉာဏထင် မင်းလုပ်လိုက်ရင် တကယ့်အကြီးကြီးတွေဘဲ "

ကိုယ့်ကိုကိုယ် ရေရွတ်ပြောဆိုရင်း ကုန်းရုန်းထကာ ဟိုတစ
ဒီတစ ဖြစ်နေတဲ့ အဝတ်တွေကို ကောက်ဝတ်လိုက်၏။ဘေးကသူကို ကြည့်မိတော့ တုပ်တုပ်တောင်မလှုပ်သေး။ အပေါ်ပိုင်း လွတ်နေတဲ့ နေရာမှာ အနီစက်တွေ ဟိုတစ်ကွက်ဒီတစ်ကွက်က ဖြူနုတဲ့ အသားအရည်ပေါ်မှာ စုတ်ချက်လှလှလေးတွေလိုတောင် ဖြစ်နေသေး၏။

"ကျစ်! "

ခေါင်းကို ခါယမ်းရင်း တဲနောက်ဘက်ကို ထွက်ကာ မျက်နှာသစ်ဖို့ လုပ်ရ၏။စဥ့်အိုးထဲ ကြည့်တော့ ရေက ဖင်ကပ်။

"ဟာကွာ ငါ-ီးလိုဘဲ "

ရေပုံးနှစ်ပုံးကိုဆွဲကာ ပါးစပ်ထဲ မီးသွေးတစ်ခဲ ကောက်ထည့်ရင်း ဆယ်မိနစ်လောက်လျှောက်ရတဲ့ ချောင်းဆီကို မပြေးရုံတမယ် ခြေလှမ်းတွေဖြင့် ခပ်သွက်သွက်လှမ်းရ၏။အရပ်ရှည်တဲ့ သူ့အဖို့ ​ခြေလှမ်းကျယ်ကျယ်လှမ်းရင် ဆယ်မိနစ်လောက်နဲ့ ရောက်ပေမယ့် သာမန်လူတွေဆို မိနစ်နှစ်ဆယ်လောက် ကြာနိုင်တဲ့ နေရာဖြစ်၏။ချောင်းစပ်မှာ ဘယ်သူတွေရှိလည်း မကြည့်အား ပါလာတဲ့ မီးသွေးခဲဖြင့် သွားကို ခပ်သွက်သွက် တိုက်ကာ တစ်ခါထဲ ချောင်းထဲဆင်းကာ ရေချိုးလိုက်ရ၏။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now