🌷End🌷

46.5K 2.2K 172
                                    

"သားသား ဖေဖေနဲ့လိုက်သွားမလို့ဆို ဘာတွေလုပ်နေတာလဲ "

"သားသား သားသား ပွက်ချိတ်လေးကို ကယ်တင်နေတာ ပါးပါး "

"ကယ်တင်နေတာ "

ဖအေဖြစ်သူနဲ့ စိုက်ခင်းထဲ လိုက်သွားချင်လို့ဆိုပြီး ဂျီကျနေလို့ ပြင်တင်ထားပေးပြီးမှ အခန်းထဲက ထွက်မလာလို့ လာမေးကြည့်တော့ ပုရွတ်ဆိတ်လေးကို ကယ်တင်နေတာတဲ့လေ။ ချစ်လွန်းလည်း သားသား ငုပ်တုပ်ထိုင်နေတဲ့ အနားသို့ လျှောက်သွားလိုက်ပြီး

"ပါးပါးကိုပြ "

"ဒီမှာ  ဒီဗူးထဲ ဝင်နေလို့ သူတို့တွေ ရေနစ်သေကုန်မလားမသိဘူး ပါးပါး "

သနပ်ခါးရေဗူးကို ကျောက်ပြင်ပေါ်  သွန်ချရင်း ပြောလာတဲ့ သားဖြစ်သူကြောင့် ချစ်လွန်းကြည့်လိုက်တော့ ကျောက်ပြင်ပေါ်မှာ ရေမွမ်းနေတဲ့ ပုရွတ်ဆိတ်များ။ ခုနက သူ့ဖေဖေနဲ့ သနပ်ခါးလိမ်းတုန်းက သနပ်ခါးသွေးတဲ့အထဲ ပါလာတာကို မြင်သွားပုံရသည်။ ဒါကြောင့်မို့ လာဖယ်ထုတ်ပေးနေပုံဘဲ။ လေးနှစ်အရွယ်ဘဲရှိသေးတဲ့ သားသားက စကားလည်းတတ်သလို ကြင်လည်းကြင်နာတတ်သည်။လိုချင်တာရှိရင် ဂျီကျတတ်ပေမယ့် ပုံမှန်အချိန်ဆို အေးအေးဆေးဆေးလေး နေတတ်တဲ့ကလေး ဖြစ်သည်။ ချစ်လွန်းလည်း သားဖြစ်သူရဲ့ ကြင်နာလှတဲ့ စိတ်ထားလေးကြောင့် ပြုံးလိုက်မိပြီး

"ပါးပါး ပြောပြမယ် လပ်ကီးလေးကို "

"ဟုတ် ပါးပါး "

ချစ်လွန်းက ဆံပင်တွေကို သပ်ပေးကာ ပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် မော့ကြည့်လာသည်။ နှာတံထိပ်မှ မှဲ့နက်ကလေးက အသာအယာထိကြည့်ပြီးမှ

"နောက်တစ်ခါကျရင် ဒီလိုအခြေအနေမျိုးတွေ့တယ်ဆိုရင် ပါးပါး မဟုတ်ရင် ဖေဖေ့ကိုပြောရမယ်နော် သားသား အခုက ပုရွက်ဆိတ်ဘဲမို့လို့ တစ်ခြား အဆိပ်ရှိတဲ့အကောင်တွေဆို ပါးပါးသားလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ပါးပါး ပြောတာ နားလည်လား သားသား "

"သားသား နားလည်ပါပြီ နောက်တစ်ခါဆို ပြောပါ့မယ်ဗျ "

"ဟုတ်ပြီ အောက်မှာ ဖေဖေစောင့်နေပြီ ပါးပါးတို့ သွားရအောင် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Onde histórias criam vida. Descubra agora