🌷11🌷

40.1K 2.5K 187
                                    

လေတိုက်လို့ သစ်ရွက်တွေ ပွတ်တိုက်လှုပ်ရှားသံ၊ ကျေးငှက်တွေ အော်မြည်နေတဲ့အသံတွေအပြင် ဟိုဟိုဒီဒီမှ တောကြက်တို့ရဲ့ တွန်သံတွေက မနက်ခင်းအချိန်အခါသမယ၌ ကြားရသော မင်္ဂလာရှိတဲ့ တေးသံတွေလို။ နွေးထွေးတဲ့ နေရောင်ခြည်နုနုက နေရာအနှံ့ဖြန့်ကျနေပြီး လေနုအေးများကလည်း တိုက်ခတ်နေသည်။

"ဒုတ် ဒုတ် ခွပ်! "

တစ်ချက်ချက် သစ်သားတုံးကို ပုစိန်ဖြင့် ခွဲခြမ်းနေရာမှ ထွက်ပေါ်လာတဲ့အသံ။ အသံလာရာကို လှမ်းကြည့်လိုက်တော့ အပေါ်ပိုင်းဗလာဖြင့် ထင်းခွဲနေတဲ့ ဉာဏထင်ကို တွေ့လိုက်ရသည်။ စောစောစီးစီး ထကာ ရေဇလားတွေကို ရေဖြည့်ပေးပြီး ထင်းထိုင်ခွဲနေတာ ဖြစ်သည်။

"ဉာဏ နားအုံးလေ "

"ရတယ် ဒါပြီးအောင် လုပ်လိုက်အုံးမယ် "

ချွေးတွေနဲ့မို့ ကျောပြင်တစ်ခုလုံးက တလက်လက်ထနေပြီ။ကြေးညိုရောင်ရှိတဲ့ အသားအရေမို့ ချွေးထွက်လာတဲ့အချိန်မှာ ပြောင်ပြောင်ဝင်းဝင်းဖြစ်နေတာ။ချွေးတွေနဲ့မို့ နားစေချင်သော်လည်း တစ်ရက်နှစ်ရက်နေ​ပြီးရင် တောင်ပေါ်ပြန်တက်ရမှာ ဖြစ်တာကြောင့် တစ်ခါတည်းပြီးအောင် လုပ်နေပုံရသည်။ချစ်လွန်းလည်း ထမင်းအိုးတည်ထားတာကြောင့် ဉာဏထင် ခွဲထားတဲ့ ထင်းတွေသယ်ပြီး စီထားဖို့ တွေးလိုက်ပြီး အနားကို သွားရန် ထလိုက်သည်။

"ဒီနားမလာခဲ့နဲ့နော် ပုစိန်ကျွတ်ပြီး နဖူးမှန်ရင် ခင်ဗျားကို ကျုပ်ပြန်မွေးမတတ်ဘူး "

"ဟမ် "

လှမ်းပြောလာတဲ့စကားကြောင့် ချစ်လွန်းမှာ ခြေလှမ်းဆက်လှမ်းရမှာတောင် ခပ်တွန့်တွန့် ဖြစ်သွားသည်။ ဉာဏထင်တို့ ပြောချလိုက်ရင် တစ်ဆုံးပါဘဲ။ မတော်တဆနဖူးမှန်ပြီး ချစ်လွန်းသေသွားရင် သူပြန်မမွေးတတ်ဘူးဆိုတဲ့သဘော။ ပြန်မွေးရအောင်လည်း ချစ်လွန်းက ကလေးပေါက်စလေးလည်း မဟုတ်။ ချစ်လွန်းလည်း သက်ပြင်းချလိုက်ပြီး ဉာဏထင်ကို ကြည့်လိုက်တော့ ပုဆိုးခပ်နွမ်းနွမ်းတစ်ထည်ကို ဝတ်ထားပြီး ချွေးဒီးဒီးကျတဲ့အထိ အလုပ်လုပ်နေတဲ့သူက ချစ်လွန်း မျက်လုံးထဲ ကြည့်ကောင်းနေသယောင်။အရင်ကတော့ ဘယ်လိုနေထိုင်ခဲ့သလဲ ချစ်လွန်းသေချာမသိပေမယ့် ယခုအချိန်မှာတော့ ချစ်လွန်းကို ပင်ပန်းစေမယ့်အလုပ်တွေ တစ်ခုတောင် မလုပ်ခိုင်းချေ။ ချစ်လွန်းခြေထောက်နာလို့ ခပ်ဖွဖွလေး နှိပ်ပေးတဲ့သူက အိပ်နေရင်း ကိုယ်လက်တွေနာလိုက်တာလို့ ညည်းညူတာတောင် ချစ်လွန်းကို နှိပ်ပေးနင်းပေးဖို့ မပြောခဲ့ပေ။ ချစ်လွန်းလည်း အတွေးများစွာဖြင့် ကြည့်နေရင်းမှ ဝတ်ထားတဲ့ပုဆိုးက တစ်ထွာလောက်ပြဲနေပြီး ပေါင်တွေကိုတောင် မြင်နေရတာကြောင့် စိတ်ထဲမကောင်း ဖြစ်သွားမိသည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now