🌷23🌷

35.7K 2.3K 149
                                    

မသိမသာပူလာပြီဖြစ်တဲ့ ဗိုက်ကလေးကို ခပ်ဖွဖွလေး ပွတ်နေမိရင်း ကွပ်ပျစ်ပေါ်မှာ ထိုင်ကာ ချစ်လွန်း အတွေးများနေမိသည်။ ရွှေဂဲလေးကိုလည်း ကွပ်ပျစ်ပေါ်မှာဘဲ အစာချကျွေးထားတာကြောင့် စားရင်းသောက်ရင်း အသံမျိုးစုံထွက်နေသည်။ တိတ်ဆိတ်နေတဲ့ တဲအိမ်လေးကို  ငေးကြည့်ရင်း ဉာဏထင်ရဲ့ ပုံရိပ်က ဟိုဟိုဒီဒီ အနှံ့အပြား ချစ်လွန်းရဲ့ မျက်လုံးထဲမှာ ထင်ဟပ်လာသည်။ ဉာဏထင် သွားတာ နှစ်ပတ်ခန့် ရှိနေပြီ။ အဆင်ပြေတာလည်း မသိရ အဆင်မပြေတာလည်း မသိရဘဲ သတင်းအစအနလည်း မရချေ။ ညနေဘက်တိုင်း ကိုဝင်းအောင်ရဲ့ အမျိုးသမီး မအေးမာက လာလာနေပေးတာကြောင့် တစ်ယောက်ထဲဆိုတဲ့ ခံစားချက်မျိုးတော့မရှိ။ ရွာထဲမှာကလည်း ဉာဏတို့ သွားတဲ့ဘက်ကိုက အန္တရာယ်များလို့ ဘယ်သူ့မှ မသွားကြဘူးတဲ့။ မိုးတွင်းမို့ နေရပ်ပြန်တဲ့အချိန်ကြောင့် ရွာထဲမှာလည်း လူတော့သိပ်မရှိလှပေ။

"ချစ်လွန်းရေ ချစ်လွန်း! "

"ဟင် ~~~ "

"ကန်စွန်းရွက်ရသေးလား ချစ်လွန်း "

"သြော် ရတယ်လေ အစ်မ "

ချစ်လွန်းမှာလည်း ဉာဏထင်မရှိတဲ့ ရက်တွေမှာ တစ်ယောက်ထဲ မရှိရှိတာ ရှာလုပ်ရင်း ခြံထဲမှာစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်လေးတွေ ခူးရောင်းရင်းနဲ့ဘဲ ဖြတ်သန်းနေရသည်။ရတဲ့ပိုက်ဆံလေးတွေကို ကလေးအတွက်ရည်ရွယ်ထားတဲ့ အိမ်စုဗူးလေးထဲ ထည့်ကာစုထားသည်။ အိမ်မှာဘဲ အများဆုံး လာဝယ်ကြတာကြောင့် ချစ်လွန်းအနေဖြင့် ပင်ပင်ပန်းပန်းတော့ မရှိလှ။ အရံသင့် ခူးပေးလိုက်ရုံပင်။

"ဉာဏထင်တို့နဲ့ရော အဆက်အသွယ်ရပြီလား "

"မရသေးပါဘူး အစ်မရာ! "

ချစ်လွန်း ခပ်ညည်းညည်းလေး ပြောလိုက်မိသည်။ တစ်ရွာလုံးမှာမှ ဉာဏနဲ့ ကိုဝင်းအောင်တို့ နှစ်ယောက်ဘဲ ထိုနေရာကို သွားကြတာမို့ ရွာထဲကလူတွေလည်း ကောင်းသတင်း ဆိုးသတင်းကို နားစွင့်နေကြတာ။

"ချစ်လွန်းရေ!  "

"ကြီးတော်လှ အသံဘဲ! ချစ်လွန်း နောက်ဖေးမှာ ကြီးတော်!!! "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now