🌷12🌷

38.6K 2.3K 152
                                    

မှိုင်းညို့နေတဲ့ တောင်တန်းကြီးကို ကြည့်ပြီး ဉာဏထင် အမောမပြေနိုင်ဘဲ သက်ပြင်းတွေ အခါခါချနေမိသည်။ အခုနေ ချစ်လွန်းကို ထားခဲ့ရတာ စိတ်ချသလားလို့ မေးရင် ဉာဏထင် စိတ်မချဘူးလို့ ဝန်ခံမိမှာ အမှန်ပင်။ လက်ထပ်ခဲ့တာ တစ်လတောင်မပြည့်သေးတဲ့ အချိန်အတောအတွင်း ဒီလောက်မြန်မြန် သံယောဇဥ်တွယ်သွားသလားဆိုတာတော့ ဉာဏထင် မတွေးတတ်။ နေရာတကာ ခေါ်သွားပြီး မျက်စိအောက်မှာဘဲ ထားထားချင်တော့တာ။ မျက်လုံးထဲ နေမင်းပိုင်ရဲ့ မျက်နှာကို ပြန်မြင်မိတော့ ဒေါသက အလိုလိုထွက်လာပြန်သည်။ အရာရာ အစစ ဒင်းကများ။ စတွေ့တုန်းကတော့ အခြေအနေချင်းကွာခြားလွန်းနေတာမို့ အနည်းငယ်ရှိန်ခဲ့ရပေမယ့် ကိုယ့်မိန်းမကို ကြာခိုချင်နေတဲ့ ကောင်မှန်းသိလိုက်ရတော့ ဉာဏထင်မှာ မျက်နှာမြင် ပိတ်ရိုက်ချင်တဲ့စိတ်ဘဲ ပေါ်နေတော့တာ။

"ဘာတွေ ဖြစ်နေတာလဲ ဉာဏ "

"မင်းမှာလည်း ဇနီးလေးကို စိတ်မချဘူး ဟုတ်လား "

"ဟာဗျာ "

လူမြင်တိုင်း ဒီစကားဘဲပြောနေတာမို့ ဉာဏထင်မှာ သံရှည်ဆွဲကာ ညည်းတွားလိုက်မိသည်။ အမှန်ဆိုပေမယ့်လည်း နည်းနည်းတော့ ရှက်တယ်လေ ။

"ချစ်လွန်းလို အချောအလှလေးကိုရထားတော့လည်း ဒီကောင်စိတ်မချတာ မထူးဆန်းပါဘူး ကိုကျော်မျိုးရာ "

ကိုကျော်မျိုးနှင့် ကိုဝင်းအောင်က ဉာဏထိုင်နေတဲ့အနား လာဝင်ထိုင်ကာ ပြောလာကြသည်။ ဉာဏထင်မှာ များများစားစားလည်း တုန့်ပြန်စကားမပြောနိုင်ဘဲ ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေလေသည်။

"နှစ်ပတ်လောက်ဘဲ လုပ်ရတော့မှာပါ ဉာဏရယ် အေးဆေးပေါ့ "

"အင်းလေ ပြီးရင် ပိတ်ပြီ မိုးတွင်းလည်း ရောက်ပြီ "

"မဟုတ်ပါဘူး ခင်ဗျားတို့က ဘာလာဖြစ်နေတာလဲ "

"ဘာဖြစ်ရမလဲဟ မင်းဖြစ်နေတာကို မကြည့်ရက်လို့ နှစ်သိမ့်နေတာလေ "

"ကျုပ်က ဘာမှမဖြစ်ဘူး "

"အချင်းချင်းတွေကို လျှိုနေတယ် ငါတို့လည်း ဖြစ်ဖူးပါတယ်ကွ "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now