🌷7🌷

31.5K 2.1K 82
                                    

"ဘယ်လိုဖြစ်တာလဲ ဉာဏ "

"လိုက်ချင်တယ်ဆိုပြီး အတင်းလုပ်နေလို့ ခေါ်လာလိုက်တာ "

"ပင်ပန်းကပင်ပန်းနဲ့ မင်းကလည်း "

"အဲ့ဒါမှ သိမှာလေ မလိုက်ပါနဲ့ဆိုတာကို လိုက်ချင်နေတာ "

နောက်ကနေ တဖြေးဖြေး လိုက်ပါလာတဲ့ ချစ်လွန်းကို ကြည့်ကာ ​ပြောနေကြခြင်း ဖြစ်သည်။ အစကတော့ ဉာဏထင်ကလည်း မလိုက်ခိုင်းသလို ချစ်လွန်းကလည်း လိုက်ဖို့ စိတ်ဆန္ဒမရှိပေမယ့် ဉာဏထင် သွားတော့မယ့်အချိန်မှ လိုက်ချင်စိတ်က ထိန်းမရတာကြောင့် နှစ်ယောက်သား စကားထများကာ ပါလာခြင်း ဖြစ်သည်။

"ဉာဏ စောင့်လိုက်အုံးလေကွာ မင်းခြေလှမ်းကို သူက ဘယ်မှီမလဲ"

"ကျစ်!! "

သူဝတ်နေကျ မြန်မာဝတ်စုံလေးပေါ်က ဉာဏထင်ရဲ့ ခပ်နွမ်းနွမ်း ရှပ်အင်္ကျီကို ထပ်ဝတ်ထားပြီး ထဘီလေး မကာ,မကာဖြင့် လမ်းလျှောက်နေပုံက ဘာနဲ့တူနေမှန်း မသိ။ ဉာဏထင် ကြည့်ကာ ရပ်စောင့်နေလိုက်ပြီး အနားကို ရောက်လာတော့

"ဘယ်လိုလဲ လိုက်ချင်သေးလား "

"လိုက်မှာ "

ချစ်လွန်း မျက်စောင်းလေး ဝင့်ကာ ပြောလိုက်မိသည်။ သူတို့ခြေလှမ်းတွေကို မှီအောင်လိုက်နေရတာက တစ်မျိုး၊ လမ်းကြမ်းလို့ ပင်ပန်းတာက တစ်မျိုးကို လာပြီး ခနော်ခနဲ့လုပ်နေသေးတာ။

"ဒါတောင် ခရီးတစ်ဝက်မရောက်သေးဘူးနော် "

"သိတယ် "

"ပြီးတာဘဲ "

ချစ်လွန်းလည်း မျက်နှာလေး တည်ထားရင်း ရပ်စောင့်နေသူရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ ဉာဏက တစ်ချက်ငုံ့ကြည့်ပြီး ဘာမှမပြော။ တောလမ်းခရီးမို့ သစ်ပင်တွေ ဝါးပင်တွေ ကြားထဲက ဖြတ်သွားရသည်။ မိုးရွာထားတာမို့ လမ်းကလည်း စိုစွတ်နေသေးသည်။တရွေ့ရွေဖြင့် သွားနေကြရင်း တောတိုးပြီး ဟင်းစားရှာနေသူတွေကိုလည်း တွေ့ရတတ်သည်။ တဲစုလေးတွေဖြင့် ဟိုတစ်စု ဒီတစ်စု နေထိုင်နေကြသူတွေကိုလည်း တွေ့ရသည်။

"လက်လေးသေးသေးလေးနဲ့ "

"ဘာလဲ "

သူ့လက်မောင်းကို ဆွဲကာကိုင်ထားတဲ့ လက်အား ငုံ့ကြည့်လျှက် ပြောလာသူကြောင့် ချစ်လွန်း မျက်မှောင်ကျုံ့ကာ ပြန်ကြည့်ရင်း မေးလိုက်မိသည်။ ထိုအခါ ဉာဏက ခေါင်းမော့ကာ ပြုံးလိုက်ပြီး ပြုံးယောင်သန်းနေတဲ့ မျက်နှာဖြင့် ပြန်ငုံ့ကြည့်ကာ

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now