🌷27🌷

29K 1.9K 156
                                    

ရွှေစျေးတန်းက ပြန်ရောက်ထဲက အခန်းထဲ ဝင်ခွေနေတဲ့ ချစ်လွန်းကြောင့် အစ်မလှလှကလည်း ဉာဏကို ဘာဖြစ်လာကြတာလည်းဟု ဆိုကာ ခပ်တိုးတိုးလာမေးသည်။ ဉာဏလည်း ချောင်းတစ်ချက်ဟန့်လိုက်ကာ အခန်းထဲကို လှမ်းကြည့်ကာ မေးငေါ့လိုက်ပြီး

"သူ့အဖေဆိုတဲ့သူကို တွေ့လိုက်တာ အဲ့ကနေပြန်မယ်ဆိုပြီး ဖြစ်လာတာဘဲ "

"ဟင် သူ့အဖေ တွေ့ခဲ့တာလား "

"ဟုတ်တယ် အစ်မ အဲ့ဒီလူက မိသားစုအသစ်နဲ့ အခြေချနေပုံဘဲ "

"ဟယ် ချစ်လွန်းလေး စိတ်မကောင်း ဖြစ်နေရှာမှာပေါ့ "

"အင်း ကျုပ်ကို စကားတောင် မပြောတော့ဘူး "

"သွားမေးကြည့်ပါအုံးလား အစ်မတို့ လုပ်စရာရှိတာ လုပ်ပေးလို့ရအောင် "

"ကျုပ်လည်း မေးမလို့ဘဲ သူ့အနားမလာပါနဲ့အုံး ပြောလို့ "

"အင်း အင်း လိုတာရှိရင် ပြောနော် အစ်မ အောက်မှာ ရှိတယ် "

"ဟုတ်ကဲ့ "

အစ်မလှလှက သူ့ယောကျ်ားကို မျက်လုံးထောင့်မှာ မြင်လိုက်တာနဲ့ ချက်ချင်း အောက်ထပ်ကို ဆင်းဖို့ပြင်သည်။ အစ်မလှလှရော သူ့အမျိုးသားတို့က သဘောကောင်းကျတဲ့သူတွေ ဖြစ်ပေမယ့် ဉာဏထင်စိတ်ထဲ အစ်မလှလှရဲ့ အမျိုးသားဖြစ်သူ ကိုရဲလွင်ကို သိပ်သဘောမတွေ့ချေ။ အထူးသဖြင့် အစ်မလှလှက ချစ်လွန်းအနားကို ကပ်တဲ့အချိန်တွေမှာ ပိုလို့သတိထားမိသည်။ ချစ်လွန်းနဲ့ အစ်မလှလှကို စိတ်မချသလိုမျိုး အကြည့်တွေကို မနှစ်မြို့ပေမယ့်လည်း ကိုယ်တွေကို ကူညီပေးနေတဲ့သူတွေမို့ ဉာဏထင်လည်း မသိချင်ယောင်ဆောင်နေတာ ဖြစ်သည်။ ယခုတော့ အခန်းထဲမှာ မှိုင်တွေနေတဲ့ အချစ်ကလေးကို စိတ်ပျော်အောင် လုပ်ပေးရအုံးမည်။

"ချစ်လွန်း "

အခန်းထဲဝင်သွားလိုက်ပြီး ကြည့်လိုက်တော့ သင်ဖြူးဖျာပေါ်မှာ ကွေးကွေးလေး လှဲနေသူက ခေါင်းထောင်ကြည့်ပြီး ဘာမှမပြော။ ဉာဏလည်း အနားမှာ သွားဝင်လှဲလိုက်ပြီး နောက်ကျောဘက်ကနေ ခပ်ဖွဖွဖက်ထားကာ

"စိတ်မကောင်းဖြစ်နေတာလား "

"ဟင့်အင်း "

"ဘယ်လိုဖြစ်ချင်လဲ မောင့်ကိုပြောလေ "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now