🌷28🌷

29.6K 1.9K 186
                                    

"ဆရာသမားရေ ဒီနေရာ စလုပ်ပြီနော် "

"အေး အဲ့နေရာပဲ စတူးတော့ "

အိမ်ရှေ့မှာလည်း မြေကွက်လပ်နေရာက အတော်အတန်ကျယ်တာကြောင့် ချစ်လွန်းက စိုက်ခင်းလေး လုပ်ချင်သေးတယ်တဲ့လေ။ ဒါကြောင့်မို့ ရေတုံကင်ကို အိမ်ရှေ့ဘက်မှာ မတူးတော့ဘဲ အိမ်ခြေရင်းဘက်နေရာမှာ တူးခိုင်းလိုက်တာ။ နေရာအသေအချာချိန်ပြီး အရှေ့အနောက် လွတ်မယ့်နေရာစဥ်းစားရသေးသည်။ အိမ်ရှေ့မှာလည်း မြေကြီးတွေ ဖို့သင့်တဲ့နေရာဖို့ပြီး အပင်တွေစိုက်ပျိုးရန်အတွက် ဘောင်လေးတွေလုပ်ကာ နေရာချထားရသည်။

"အုတ်ကန်က တုံကင်တူးပြီးမှ စလုပ်မှာလား "

"ဟုတ်တယ် အစ်ကိုလေး "

အုတ်ရေကန်လေးလုပ်ပြီး ပတ်ပတ်လည်ကို သံမံတလင်းပါ ခင်းဖို့ပြောထားလိုက်သည်။ အိမ်ကလည်း ခြေတံရှည်အိမ် ဆောက်ထားတာကြောင့် အောက်ထပ်ကို အုတ်ပတ်ကာလိုက်ပြီး သံမံတလင်း ခင်းလိုက်သည်။ ထို့အပြင် အပေါ်ထပ်ကိုလည်း ပြင်စရာရှိတဲ့ နေရာတွေ အကုန်ပြင်ခိုင်းကာ ဘုရားခန်းကအစ ချစ်လွန်းစိတ်ကြိုက် ချစ်လွန်းပြောသလိုသာ လုပ်ခိုင်းလိုက်သည်။ နှစ်ယောက်နဲ့တစ်ပိုင်း အတွက် အိမ်က ကြီးလွန်းနေတယ်ဆိုပေမယ့်လည်း ပန်းစိုက်တဲ့ အချိန်ကျ လူငှားတွေနေလို့ရအောင်ပါ အောက်ထပ်ကို ပြင်ခိုင်းလိုက်တာ ဖြစ်သည်။

"ပိုက်တွေ လောက်တယ်မှတ်လား "

"လောက်တယ် အစ်ကိုလေး "

ရေခံမြေခံက ကောင်းပြီးသားမို့ တစ်ခြားနေရာတွေမှာလိုတော့ ပေ200/ပေ300အထိရောက်အောင် ခက်ခက်ခဲခဲတော့ မတူးရ။ချောင်းနဲ့လည်း နီးတာကြောင့် ပေသုံးဆယ်ကျော်ကျော်လောက်နဲ့တင် ရေထွက်လာပြီဖြစ်သည်။ ထို့အပြင် ရေခံကောင်းတာကြောင့် ရေကြည်လည်း တန်းရသည်။

"ကဲ တူးထားဟေ့ တူးထား "

"ကြိုးစားမယ်ဟေ့ !! "

တစ်ယောက်တစ်ပေါက် အော်ဟစ်အားပေးတဲ့ အသံတွေ ဆူညံနေသည်။ အိမ်ပြင်နေတဲ့သူတွေကလည်း တဒုန်းဒုန်းနဲ့မို့ ဆူညံပွက်လောရိုက်နေ၏။ ဉာဏလည်း အခြေအနေကို ကြည့်ကာ ချစ်လွန်းမလိုက်လာတာ ခပ်ကောင်းကောင်းဘဲဟုတောင် တွေးလိုက်မိသည်။ မဟုတ်ရင် ချစ်လွန်း နေစရာရှိမှာမဟုတ်။ ဉာဏလည်း ဟိုနားယောင်လည်လည် ဒီနားယောင်လည်လည်ဖြင့် လိုက်ကြည့်နေရင်း ရေတုံကင် တူးနေတဲ့နေရာဆီ လာရပ်ကြည့်နေလိုက်သည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now