🌷26🌷

30.3K 1.9K 163
                                    

ဆေးရုံက ဆင်းခဲ့ပြီးလို့ ငြိမ်းချမ်းသီတာကို ပြန်ရောက်တာနဲ့ ချစ်လွန်းအနားမှာ တောက်တဲ့လို ကပ်နေတတ်တာ ဉာဏထင်ရယ်ပါ။ မျက်စိအောက်က အပျောက်မခံသလို ရေချိုးရင်လည်း ငုတ်တုပ်ထိုင်စောင့်ပြီး အိမ်သာတက်ရင်တောင် အိမ်သာရှေ့မတ်တပ်ရပ်စောင့်နေတတ်တဲ့သူ။ အဲ့အပြင် လစ်ရင်လစ်သလို အသားယူကာ ဖက်လိုက်နမ်းလိုက်က လုပ်တတ်သေးသည်။ လုပ်စရာမရှိဘဲ အချိန်တွေပိုနေတာကြောင့် ခြံထဲသန့်ရှင်းရေးလုပ်လိုက်၊ ချစ်လွန်း အနားကပ်လိုက်နဲ့ ဉာဏထင်တစ်ယောက် နတ်ဘုံရောက်နေသလို။ ရွှေတွေလည်း ရောင်းချပြီးပြီမို့ အစ်မလှလှဆီက အဆက်အသွယ်ရတာနဲ့ ခြံဝယ်ဖို့ဘဲ ကျန်တော့တာ။ အားလပ်တဲ့အချိန်တွေတော့ ရွာထဲကို အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် နေရာတကာ စပ်စုနေတတ်သေးသည်။

"ချစ်လွန်း ထမင်းဆာပြီလား "

"မဆာတော့ မဆာသေးပါဘူး လာအုံး ချစ်လွန်းကို တစ်ချက်ကြည့်ပေးအုံး "

လက်လေးကို နောက်ပြန်ပြီး ကျောကုန်းဘက်ကို ကုတ်နေတဲ့ ချစ်လွန်းကြောင့် ဉာဏလည်း အနားသွားလိုက်သည်။

"နေအုံး ချစ်လွန်း အင်္ကျီချွတ်လိုက်မယ် "

အင်မတန်ယားယံနေပုံရတဲ့ ချစ်လွန်းက အင်္ကျီကို လှန်ကာချွတ်လာတော့ မဆီမဆိုင် ဉာဏထင်ရဲ့ နားရွက်ဖျားတွေ ပူခနဲ ဖြစ်သွားသည်။

"လာကြည့်လို့ ကျောကုန်းမှာ ဘာတွေပေါက်နေတာလဲ မသိပါဘူးဆို ဒီယောက်ျားကလည်း "

ချစ်လွန်း မျက်ခုံးလေး ကျုံ့ကာ လှည့်ပြောလိုက်ပြီး ဉာဏထင်ဘက်ကို ကျောပေးလိုက်သည်။ခန္ဓာကိုယ်ရဲ့ အရှေ့ပိုင်းကိုတော့ ချွတ်ထားတဲ့ အင်္ကျီနဲ့ဘဲ ကာရံထားတာကြောင့် ဗိုက်ဆူဆူလေးကိုတောင် ဉာဏထင် မမြင်ရချေ။ ဖြူဆွတ်နေတဲ့ ကျောပြင်ပြောင်ချောချောလေးက ဉာဏထင်ကို အသက်ရူတွေအပြင် ခြေလှမ်းတွေပါ မှားသွားစေသည်။ အသက်ကို ခပ်ဝဝရူပြီး ကျောပြင်လေးကို အနီးကပ်သွားကြည့်တော့ အနီစက်လေးတွေ အနှံ့အပြ ားတွေ့လိုက်ရသည်။

"အနီစက်တွေ ချစ်လွန်း မတည့်တာ စားမိလို့လား ခင်ဗျား "

"ဘာမှမစားမိပါဘူး မနက်ကစားတာ ငါးဟင်းနဲ့လေ "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Kde žijí příběhy. Začni objevovat