🌷Extra End 🌷

10.7K 652 64
                                    

"ပါးပါး ပါးပါး ကိုရင်လူထွက်လို့ မရသေးဘူးလား "

"အယ် ကိုရင် ပါးပါးလို့ မခေါ်ရဘူးလေ "

"အာ ဟို ဒါယိကာမကြီး ကိုရင် လူထွက်လို့မရသေးဘူးလား "

အချိုရည်ဘူးကို လက်ကကိုင်ထားရင်း သနားစရာမျက်ဝန်းလေးတွေဖြင့် ကြည့်ကာ ပြောလာတဲ့
ဉာဏ်အလင်းထင်လေးကြောင့် ချစ်လွန်း တင်းထားသမျှ ပြိုပျက်တော့မလိုပါပဲ။ ဒါပေမယ့်လည်း မဖြစ်သေးဘူး မဟုတ်လားလေ။

"ခုနှစ်ရက်ပြည့်အောင် ဝတ်မယ်လို့ ကတိပေးထားတယ်လေ လူထွက်ပြီးရင်  သင်္ကြန်ကျပြီမို့ ကွက်တိပါပဲ ကိုရင်ရယ် အောင့်အီးသည်းခံလိုက်ပါအုံး "

ချစ်လွန်းက နားချကာ ပြန်လျှောက်တော့ ကိုရင်မှာ မျက်နှာစူပုတ်ပုတ်ဖြင့် ထွက်သွားတော့သည်။စိတ်မကောင်းစွာဖြင့် လိုက်ကြည့်နေမိပြီးမှ အမြန်ပြန်ဖို့ပဲ တွေးလိုက်မိသည်။ ကိုယ့်ကိုတွေ့နေရင် ပြန်လိုက်ချင်နေအုံးမှာ။အမှန်တော့ သူတို့အပြစ်နဲ့ သူတို့ပါပဲ။ သင်္ကြန်တွင်း သားအဖနှစ်ယောက်လုံးကို သင်္ကန်စီးပေးမယ်လို့ ချစ်လွန်းက ပြောတော့ သားအဖနှစ်ယောက်လုံးက သင်္ကြန်တွင်းကို လည်ချင်လို့ ကြိုဝတ်ထားပါ့မယ်တဲ့လေ။အခုတော့ဖြင့် ခုနှစ်ရက်တောင် မပြည့်သေး လူပြန်ထွက်ချင်နေရှာပြီ။

"ဒါယိကာမလေး "

"တင်ပါ့ဘုရား "

"မိုးချုပ်တော့မယ် ပြန်တော့လေ "

"တင်ပါ့ဘုရား ကိုရင်လေးက လူထွက်ချင်နေပြီ မပျော်ဘူးလား မသိဘူးဘုရား မေးကြည့်​ပြီး ဂရုစိုက်လိုက်ပါအုံးဘုရား "

ပြန့လျှောက်တင်တဲ့အသံက ငိုတော့မလိုဖြစ်နေတာကြောင့် မနည်းစိတ်ထိန်းလိုက်ရသည်။ ဦးဇင်းဉာဏကလည်း ခေါင်းညိတ်ကာ စိတ်ချဖို့ပြောရင်း ပြန်ဖို့တိုက်တွန်းလာသည်။

"မေးကြည့်လိုက်ပါမယ် စိတ်ချပါ ဂရုစိုက်ပြီး ပြန်ပါ "

"အစ်မလှလှပြီးရင် အတူပြန်မှာမို့ စိတ်ချပါ ဘုရား "

ရုတ်တရက်ထပြီး စီစဥ်လိုက်ရတာမို့ အကျဥ်းချုပ်သာ လုပ်ဖြစ်သွားတဲ့ အလှူပွဲဖြစ်သည်။ ဉာဏကတော့ နောက်နှစ်မှာ မတည်အလှူရှင်လုပ်ပြီး ရှင်မပြုနိုင်တဲ့ကလေးတွေကို ရှင်ပြုပေးပါမယ်တဲ့လေ။ မွန်မြတ်တဲ့ အလှူမို့ ချစ်လွန်းလည်း ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ချက် ချထားသည်။ ဒီနှစ်မှာတော့ ဘယ်သူမှ မပါဘဲ သူတိူ့သားအဖနှစ်ယောက်သာ။ ရွှေတောင်ဦးကုန်းပေါ်က ဘုန်းကြီးကျောင်းမှာ ရဟန်းလာခံတာမို့ ချစ်လွန်းလည်း အိမ်ပြန်မအိပ်တော့ဘဲ အစ်မလှလှတို့ အိမ်မှာသာ တည်းဖြစ်နေသည်။ 

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now