🌷8🌷

42.3K 2.7K 252
                                    

"ရေသွားခပ်အုံးမယ် "

ငြိမ်ငြိမ်လေး ထိုင်နေတဲ့ ချစ်လွန်းအနား ရေပုံးဆွဲကာ ရောက်လာတဲ့ ဉာဏထင်ရဲစကားကြောင့် ချစ်လွန်း မတ်ခနဲ ဖြစ်သွား၏။ ငြိမ်ငြိမ်လေး နေနေရတာ ပျင်းလွန်းလှပြီမို့ တစ်ခုခုလုပ်ချင်နေတာ။

"ချစ်လွန်းလည်း လိုက်မယ် "

"ဘာလိုက်လုပ်မှာလဲ ခင်ဗျား နေမကောင်းတာကို "

"ကောင်းသွားပြီ ချစ်လွန်း လိုက်ချင်လို့ "

"ကျစ်! ပြောမရလည်း လိုက် အနွေးထည်ဝတ် "

"အွန်း အွန်း "

ချစ်လွန်းလည်း အပြေးအလွှား လက်ရှည်အင်္ကျီတစ်ထည်ကို ဆွဲယူကာ ကောက်ဝတ်လိုက်ပြီး ရေပုံးဆွဲပြီးသွားနေတဲ့သူရဲ့ နောက်ကနေ လိုက်သွားလိုက်သည်။သူ့ခြေလှမ်းတွေကို ချစ်လွန်း မနည်းအမှီလိုက်နေရမှန်းသိတော့ တမင်ခြေလှမ်းတွေကို နှေးကာ လျှောက်ပေးတော့ ချစ်လွန်းနှင့် အတူတူ ဖြစ်သွားသည်။

"ရေခပ်မို့ဆို ဘယ်သွားမလို့လဲ "

"ကျုပ်မရှိတဲ့အချိန် ခင်ဗျားရေခပ်နေရမှာမို့လေ ဦးကြီးတို့ဆီမှာ ဇလားသွားယူအုံးမလို့ "

"ရှိလို့လား "

"ရှိတယ် ကျုပ်သိတယ် "

ဦးကြီးတို့ဆီမှာ ရှိတာကို သိတယ်ဆိုတော့ ဘယ်လောက်တောင် ချောင်းပေါက်အောင် သွားခဲ့လဲမှ မသိတာ။ အရင်က မမဥမ္မာကို သဘောကျခဲ့တဲ့ ဉာဏထင်က အခုရော သဘောကျနေသေးလား ချစ်လွန်း သိချင်မိသည်။ မေးလည်း မမေးဝံ့။ တကယ်လို့ သဘောကျနေသေးတယ်လို့ ပြောလာရင် ချစ်လွန်းဘယ်လိုလုပ်ရမလဲ။ တွေးကြည့်တာနဲ့တင် စိတ်ထဲမှာ ထူပူသွားသလို ခံစားရသည်။

"ဘာလို့ ငြိမ်သွားတာလဲ! "

"ဟမ် ဟင့်အင်း ဘာမှမဖြစ်ဘူး "

"ဘာလဲ သဝန်တိုတာလား "

"ချစ် ချစ်လွန်းကလား မဟုတ်ပါဘူး "

ချစ်လွန်းက အလျင်အမြန်ပင် ငြင်းလိုက်တော့ ဉာဏထင်က ဘာမှဆက်မပြော။ ရှေ့ကိုသာ ကြည့်ပြီး သွားနေ၏။ချစ်လွန်းလည်း ဉာဏထင်နောက်ကနေ ကပ်ကာ ငြိမ်ငြိမ်လေး လိုက်လာခဲ့လိုက်တော့သည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now