🌷9🌷

40.4K 2.4K 149
                                    

"ဉာဏ ဘာဖြစ်လို့လဲဟင် "

ကိုကျော်မျိုးတို့ ရောက်မလားသေးလို့ စောင့်နေတဲ့ ဉာဏက ရတက်မအေးသလို အိမ်ရှေ့မှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေတာကြောင့် ချစ်လွန်း လှမ်းမေးမိလိုက်ခြင်း ဖြစ်သည်။ အဲ့တော့မှ ဟိုလျှောက်ဒီလျှောက် လုပ်နေတာကို ရပ်လိုက်ပြီး ချစ်လွန်းကို ကြည့်ကာ

"ကျုပ် ခင်ဗျားကို စိတ်မချဘူး "

စကားသံက ခပ်တိုးတိုးပေမယ့် ချစ်လွန်း ကောင်းစွာ ကြားလိုက်ရသည်။ ချစ်လွန်းလည်း အံ့သြသွားပြီး

"ဟင် စိတ်ချပါဆို ဉာဏကလည်း "

"ကျုပ်အခြေအနေကြည့်ပြီး ပြန်လာလို့ရရင် နေ့ချင်းပြန် ပြန်လာမယ် မရရင်တော့ ရက်ခြားပေါ့ "

ဒီအကြောင်းကို ချစ်လွန်း ကြားနေရတာ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့။တစ်မနက်လုံး ထပ်ခါတလဲလဲ ပြောနေတာ။ စိတ်ချပါဆိုတာကို ဒီယောက်ျားကတော့။ ချစ်လွန်းလည်း သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်ပြီး

"အင်းပါ "

"ကျုပ်ပြောထားတာ မမေ့နဲ့နော် ခေါင်းထဲထည့်ထား အိမ်ထဲလည်း ဘယ်သူ့မှ အဝင်မခံနဲ့ "

ထပ်တလဲလဲစကားတွေက ကြားရပါများလွန်းလို့ နားထဲကနေတောင် လျှံထွက်နေပြီ။ ဒါကိုလည်း ခေါင်းထဲ ထည့်ထားလို့ဘဲ ပြောနေတုန်း ချစ်လွန်း စိတ်တွေပေါက်လာတော့သည်။

"ဉာဏက ချစ်လွန်းကို မယုံဘူးလား အဲ့လိုဆို ချစ်လွန်းလည်း စိတ်မကောင်း ဖြစ်တယ်နော် တကယ်ပါဘဲ ကိုယ့်ကိုကိုယ်ဘဲ စိတ်ပူပါအုံး "

"မယုံတာ မဟုတ်ဘူး "

ချစ်လွန်းက စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်တော့မှ ကဗျာကယာ ခေါင်းတွေခါပြီး ငြင်း၏။

"မယုံတာ မဟုတ်ဘူးဆိုဘာလဲ"

"ကျစ်!!! "

"တကယ်ဘဲ! တစ်မနက်ခင်းလုံး ဒါဘဲပြောနေတာ ချစ်လွန်း နားတွေပူနေပြီ "

"ကျုပ်က ကြိုမြင်နေလို့ ပြောနေတာ ခင်ဗျားကို မယုံလို့ မဟုတ်ဘူးလို့ "

"တော်ပြီ! သွားကာနီးလာကာနီး ရန်ဖြစ်ရတော့မယ် ဘာတွေ ကျန်မလဲ စစ်ကြည့်လိုက်အုံးမယ် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now