🌷19🌷

29.5K 2K 146
                                    

"နောက်လှည့်ကြည့်တစ်ချက် ဆိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ် မင်းပေးသွားတဲ့ အရင်​ဝေဒနာလည်း စက္ကန့်အရွေ့အမျှပါဘဲ 🎵

🎵ကလေးငယ်လို~~~ လိုလားမှုများစွာနဲ့ တောင်း~~~~ခံသူကို🎵"

🎵အချစ် တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ် စေတနာသဒ္ဓါသလောက် မျှခဲ့ပါ🎵
🎵အချစ် လမ်းတစ်ဝက်ဖြစ်ဖြစ် ကြင်နာနိုင်သလောက် ရွေ့လှမ်းပါ🎵
🎵အချစ် ပန်းတစ်ဝက်ဖြစ်ဖြစ် စာနာနိုင်သလောက် စွန့်ခဲ့ပါ 🎵

ရေဒီယိုက လာနေတဲ့ သီချင်းကို လိုက်ဆိုရင်း အိမ်လေးထဲမှာ ဟိုဟိုဒီဒီ လုပ်နေမိသည်။ ဉာဏထင်ကလည်း စက်လှေဖြင့် ရေငန်းသီး၊ သစ်ချသီးတွေ သွားရောင်းရန် မြို့တက်သွားတာကြောင့် ချစ်လွန်းမှာ တစ်ယောက်တည်း ပျင်းပျင်းရိရိရှိလှသည်။ခေါင်းရင်းအိမ်က အစ်မလှလှကလည်း မြို့ကဝယ်ထားတဲ့ မြေကွက်မှာ အိမ်ဆောက်နေတာကြောင့် ဒီမှာမရှိ​ချေ။ ဒါကြောင့်လည်း ချစ်လွန်းမှာ စကားပြောဖော် မရှိတာကြောင့် ရေဒီယိုလေးဖွင့်ကာ အစီအစဥ်တွေ နားထောင်လိုက် သီချင်းတွေ နားထောင်လိုက်နဲ့ လုပ်နေတာ။

"ချစ်လွန်းရေ ချစ်လွန်း "

"လာပြီနော် လာပြီ "

တဲရှေ့က အသံကြောင့် ချစ်လွန်းလည်း အသံပေးရင်း ထွက်သွားကြည့်တော့ ရွာထဲရှိ ထမင်းဆိုင်က အစ်မဖြစ်နေသည်။ချစ်လွန်း ခြံပေါက်ဝအနားထိ လျှောက်သွားလိုက်ပြီး

"သြော် အစ်မ ဘာကိစ္စရှိလို့လဲ မသိဘူး "

"ချစ်လွန်းမှာ ချဥ်ပေါင်ခင်းရှိတယ်ဆိုပြီး ညွှန်းလိုက်လို့ အစ်မကို ပေးရောင်းပါလားလို့ "

"အယ် ချစ်လွန်းက အိမ်စားဖို့ဘဲ စိုက်တာ အစ်မရဲ့ "

စီးပွားဖြစ်မဟုတ်ဘဲ အိမ်စားဖို့ဘဲ စိုက်ထားတာမို့ ချစ်လွန်းလည်း အားတုန့်အားနာဟန်ဖြင့် ပြန်ပြောလိုက်မိသည်။

"လုပ်ပါ ချစ်လွန်းရယ် အစ်မစျေးပိုပေးပါ့မယ် ဆိုင်မှာလေ ချဥ်ပေါင်ရွက်ကြော်ဖို့ လိုနေလို့ "

ထိုအစ်မကလည်း လိုအပ်နေတဲ့ ပုံစံမို့ ချစ်လွန်းလည်း ခေါင်းညိတ်လိုက်သည်။ ချစ်လွန်း အိမ်ဘေးပတ်ပတ်လည်မှာ စိုက်ထားတဲ့ အပင်လေးတွေက သီးတဲ့အပင်က သီး၊ ပွင့်တဲ့အပွင့်က ပွင့်နဲ့မို့ တစ်ခြံလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေပြီ။ ဉာဏကတော့ ခြံစည်းရိုးအနားတွေ တအားမကပ်ဖို့ မှာထားတာကြောင့် ချစ်လွန်းလည်း ခပ်လှန်းလှန်းကသာ အပင်တွေကို ကြည့်ဖြစ်သည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now