🌷16🌷

30.5K 2K 174
                                    

"ဆိုက်ကားနဲ့ သွားမလား ချစ်လွန်း "

ဉာဏက ပလိုင်းကိုလွယ်ကာ စျေးထဲကိုသွားဖို့ ဦးလေးကြီးအိမ်က ထွက်လာလာခြင်း မေးလိုက်တာ ဖြစ်သည်။ ချစ်လွန်းက ဆိုက်ကားတွေ ရပ်ထားတဲ့ လမ်းထိပ်ဆီ လှမ်းကြည့်လိုက်ပြီးမှ

"ဝေးလို့လား စျေးက "

"မဝေးပါဘူး ဆယ့်ငါးမိနစ်လောက်တော့ သွားရမယ် "

"အဲ့ဒါဆို လမ်းဘဲလျှောက်မယ်လေ "

ဉာဏထင်က ခေါင်းညိတ်ပြပြီး ရှေ့ကသွားတော့ ချစ်လွန်းလည်း သူ့လက်မောင်းကို လှမ်းကိုင်ရင်း လိုက်ခဲ့လိုက်သည်။ ပျဥ်းမပင်ဆိပ်ကနေ စျေးထဲကိုက ဆယ့်ငါးမိနစ်လောက်ဘဲ လမ်းလျှောက်ရတယ်ဆိုတာကြောင့် ချစ်လွန်းလည်း လျှောက်ဖို့ဆုံးဖြတ်လိုက်တာ။ ကိုယ်မရင်းနှီးသေးတဲ့ နေရာဒေသတစ်ခုမို့ ဟိုငေးဒီငေးဖြင့် သွားချင်တာက သဘာဝဘဲမို့။
နှစ်ယောက်သား တရွေ့ရွေ့ဖြင့် လျှောက်လာနေကြသည်။ ရွှေကျင်ဆိုတဲ့ မြို့ကလေးက ပဲခူးတိုင်းရဲ့ အရှေ့ဘက် အစွန်ဆုံးက မြို့ကလေးဆိုပေမယ့် စည်သင့်သလောက် စည်ကားလှသည်။ အချိန်အတိုင်းအတာတစ်ခုအထိ အမှောင်နယ်မြေ ဖြစ်ခဲ့ရပေမယ့် ယခုအချိန်တော့ အေးချမ်းသာယာနေပြီ ဖြစ်သည်။ ရေလမ်းအဆုံး၊ ကားလမ်းအဆုံးဆိုပေမယ့် ရွှေဆိုတဲ့ သံသဇာတက ပေါကြွယ်ဝတာကြောင့် အနယ်အရပ်ရပ်က လာရောက်လုပ်ကိုင်ကြသူတွေလည်း များပြားလှသည်။

"ဒါက ဘာလမ်းလဲ ဉာဏ "

"ဘာလမ်းလည်းတော့ သေချာမသိဘူး ရှမ်းကြေးရုပ်ရှင်ရုံလမ်းလို့ ခေါ်ကြတာဘဲ "

"သြော် ရုပ်ရှင်ရုံရှိတယ်ပေါ့ "

"အင်း ရှိတယ် ပျဥ်းမပင်ရေဆိပ်ကနေ တက်လာပြီး တန်းတန်းကြီးလာ ပြီးရင် ရုပ်ရှင်ရုံရှေ့နားကျရင် ဘယ်ဘက်ကို ပြန်ချိုးလိုက် အဲ့ဒါဆို စျေးရောက်ပြီ "

ထူးထူးဆန်းဆန်း စိတ်ရှည်လက်ရှည် ရှင်းပြနေသူကြောင့် ချစ်လွန်း ရုတ်တရက် ကြောင်ပြီး ကြည့်နေမိသေးသည်။ ပြီးမှ ပြုံးလိုက်ပြီး

"နီးသားဘဲနော် "

"အင်း "

လမ်းကို ပြောပြနေတာထက် ရုပ်ရှင်ရုံကို ပိုပြီး စိတ်ဝင်စားနေတာကြောင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေမိသည်။ ရုပ်ရှင်ဆိုတာ မကြည့်ဖူးတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ နောက်ဆုံးကြည့်ဖူးခဲ့တဲ့အချိန်က ဘယ်တုန်းကမှန်းတောင် ချစ်လွန်း မမှတ်မိတော့ချေ။မင်းသားတွေထဲမှာဆို ချစ်လွန်းက ဒွေးကို သဘောကျခဲ့တာ။ သူရဲ့သရုပ်ဆောင်ပုံတွေက သဘာဝကျပြီး ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်တဲ့သူလေ။ဒါကြောင့် မြို့ကို ရောက်တုန်းရောက်ခိုက်တော့ ဒွေးကားလေးတော့ ကြည့်သွားချင်မိသေးသည်။ ဒါပေမယ့် ဉာဏက ကြည့်ခိုင်းမှာ မဟုတ်။ ပြီးတော့ စက်လှေအမှီ တောင်ပေါ်ပြန်တက်ရအုံးမှာ မဟုတ်လား။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now