အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Start from the beginning
                                    

သူ့ပုံစံက အဲ့လူကို အရမ်းလေးစားသွားတဲ့ပုံပဲ...

ရွှယ်ယန့်စိတ်ထဲတွင် ချဉ်တူးသွားမိသည်။

သူ့စိတ်ထဲမှာ ကိစ္စတွေအများကြီးကို ဘာလို့တွေးနေရတာလဲ... မြို့မြောက်ပိုင်းက ဆည်အကြောင်းလည်း တစ်နေကုန် မတွေးပဲ မနေနိုင်ဘူး... အခုလည်း သူနဲ့မဆိုင်တဲ့ ပြည့်တန်ဆာခေါင်းမိန်းမကြီးအကြောင်း တွေးနေပြန်ပြီ... ကျင်းလင်မှာရှိတဲ့ ကိစ္စတွေအားလုံးက သူ့စိတ်ထဲ ရောက်နေသလိုပဲ... ကျွင်းဟွိုင်လန်ရဲ့ရင်ထဲက အဲ့ကိစ္စတွေကို သူဘယ်လိုဆွဲထုတ်ပစ်ရမလဲမသိဘူး...

သို့ရာတွင် ကျွင်းဟွိုင်လန် မပျော်မရွှင်ဖြစ်မည်စိုး၍ ထိုကိစ္စများကိုလည်း လျစ်လျူရှု့ထား၍ မရနိုင်ပေ။

သူစိမ်းတစ်ယောက်ကို ပို၍ လေးစားနေမိ၍ ရွှယ်ယန်က ကိစ္စကြီးတစ်ခုကို လုပ်ပေးခဲ့သော်လည်း အချီးကျူးမခံရဖြစ်သွားသည်။

" ဒါဆိုရင်တော့ သူ့ငွေတွေကို ဘာမှပြန်မပေးပဲ ယူထားလို့ မဖြစ်တော့ဘူး... ရှုမိသားစုက ကျဆုံးသွားခဲ့ရင် သူတို့မသေခင် ကျိန်းသေပေါက် လက်စားလာချေမှာပဲ... ပြီးတော့ ဒီနေ့တွေ့ခဲ့တဲ့ကောင်မလေးကို ရှုစုန့်က ဇနီးအဖြစ်လက်ထပ်လိုက်မယ်ဆို  သူ ထွက်ပြေးလို့ရတော့မှာမဟုတ်ဘူး..."

ကျွင်းဟွိုင်လန်၏ မျက်နှာက စိုးရိမ်ပူပန်သည့်ပုံစံဖြစ်လာသည်။

" ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ..."

   

ရွှယ်ယန့်စိတ်ထဲတွင် တွေးလိုက်သည်။

ဘယ်လိုလုပ်ကြမလဲတဲ့... မင်းလေးသာ ဒီနေ့ ဒီနေရာမှာ မရှိခဲ့ရင် ကိုယ်သူတို့ကို ကိုယ်ရှင်းလိုက်ပြီ...

အားလုံးက သေရေးရှင်ရေးကို အလေးထားကြသော်လည်း ရွှယ်ယန်က ထိုသို့ ဂရုမဲ့စွာနေတတ်သူမဟုတ်ပေ။

သို့ရာတွင် ယခုချိန်မူ ထိုသို့မဟုတ်တော့ပေ။

   

ရွှယ်ယန်က အမှောင်ထဲတွင် နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now