အပိုင်း ၄၀ (လူဆိုးများ)

Start from the beginning
                                    

" သွားချင်သွား ပြဿနာဖြစ်မလာနဲ့ "

" Yes sir, မဖြစ်စေရပါဘူး။ ဒီတိုင်းတွေ့ရုံလေးဟာ ပြဿနာဖြစ်စရာအကြောင်းမရှိပါဘူး။
စိတ်ချကိုကို "

ခွန်သာမှိုင်းက မျက်မှောင်​ကြုတ်​ကာကြည့်ရင်း
" မင်းကိုယ်မင်းသတိထားမိလား။ မင်းကပြဿနာမရှာရင်တောင် ပြဿနာကမင်းဆီရောက်ရောက်လာတက်တယ်။ 
ပြဿနာရှိလည်း ရှောင်ခဲ့"

ခွန်သာမှိုင်းစကားကြောင့် ခွန်းသန့်နောင်မှာအောင့်သက်သက်ဖြင့် ပြန်ပြုံးပြလိုက်ရလေသည်။

….

" cheer လူပျိုပြန်ဖြစ်သွားလို့ဂုဏ်ပြုပါတယ်"
သုံးယောက်သား အရက်ခွက်တွေတိုက်ရင်း သံပြိုင်ဟစ်လိုက်ကြသည်။

ခွန်းသန့်နောင်တို့ ၃ယောက်အပြင် vd callမှတစ်ဆင့် နိုင်ငံခြားတွင်ရှိနေသော မင်းကိုကိုလည်းပါ၀င်လေသည်။

"ငါမရှိတုန်း ငါ့ညီလေးကို မင်းတို့နှစ်ကောင် ဂရုစိုက်ပေးလိုက်ကြအုံးကွာ"

" အမယ် အစ်ကိုကြီးစတိုင်နဲ့ပါလား။ ရင့်ကျက်နေပြီပေါ့"

ခြံရံလင်း၏အပြောကြောင့် မင်းကိုကို မျက်နှာကိုမော့ချီရင်း
" ဟေ့ဟျောင်တွေ ငါအခုလုံး၀sugar Daddy စတိုင်ပဲနေတော့တာ ရင့်ကျက်တည်ငြိမ်တဲ့ဘဲကြီးကွ"

" မင်းရည်းစားရရင် ငယ်ငယ်ကမင်းဘယ်လောက်မျက်နှာပြောင် ဆေးထိုးတက်ကြောင်း လိုက်ပြောပစ်မယ်"
ဆိုကာ ခွန်းသန့်နောင်ကလည်းစလိုက်သည်။

" ဟူး ငါလည်းကွာရှင်းလိုက်ပြီဆိုတော့ နောက်ဆုံးတော့လည်း ငါတို့လေးယောက်လုံး ချစ်သူ ရည်းစားတစ်ယောက်မှမရှိတဲ့ စကွက်ထဲပြန်ရောက်သွားပြီ "
မင်းညီညီကညည်းပြသည်။

ထိုစကားကြောင့် ခြံရံလင်းက ထက်ဝေဦးမျက်နှာကိုခဏပြေးမြင်ပေမဲ့ ခေါင်းခါကာအတွေးထဲကထုတ်ပစ်လိုက်လေသည်။

ခွန်းသန့်နောင်က စားပွဲကိုလက်ဖြင့်တစ်ချက်ရိုက်လိုက်ပြီး
" ကဲ ပြောရတော့မယ် ။ မင်းကွာရှင်းပြီးတဲ့အချိန် ကြွားရတာသိပ်မကောင်းပေမဲ့ မင်းတို့၃ယောက်ကလွဲပြီ ငါကတော့ ရည်းစားရသွားပါပြီ"ဟုဂုဏ်ယူ၀င့်ကြွားစွာပြောသည်။

The Matching Guys (Top)Where stories live. Discover now