အပိုင်း ၃၉ ( လိုက်ဖက်ညီသော အတွဲ )

Mulai dari awal
                                    

ခွန်သာမှိုင်းက လက်ပိုက်ရပ်သားဖြင့် အခန်းတံခါးဘောင်ကိုမှီထားရင်း
" မင်းဘာသာ အတင်း၀င်အိပ်တယ်လိုပြောရင် ပိုမမှန်ဘူးလား"

ခွန်းသန့်နောင်က မချိုမချဥ်ပြုံးကာ
" အခုရော အဲ့လိုလုပ်လို့ရလား။ "

" ထွက်သွားစမ်း သေအောင် ရိုက်ပစ်မယ်"

ခွန်းသန့်နောင်က စိတ်ဆွဲဆန့်ကာ ပင့်သက်ရှိုက်လိုက်ရင်း
" ရတယ်လေ ဒီနေ့မရတော့လည်း နောက်နေ့ပေါ့ နောက်နေ့မရတော့လည်း နောက်ထပ် နောက်နေ့ မသေမချင်းရသေးတယ် "

" ဒါဆိုလည်း ကြိုးစားလိုက်ပါအုံး"
ဆိုကာ ခွန်သာမှိုင်း ခွန်းသန့်နောင်အား တွန်းထုတ်တော့သည်။

"ကိုကို အိမ်မှာ၀ယ်ရမှာတွေများနေပြီ မနက်ဖြန် ဆေးရုံးဆင်းရင် ကုန်တိုက်အတူသွားရအောင်"

" အင်း"
ဟုပြန်ဖြေပြီး ခွန်သာမှိုင်းမှာတံခါးဆွဲပိတ်သွားလေတော့သည်။

ခွန်းသန့်နောင် သူ့အတွေးတွေနဲ့သူတွေးနေရင်း သူ့အိပ်ခန်းသူပြန်သည်။
Luckyတစ်ကောင် သူ့အိမ်ခေါ် လှောင်အိမ်လှလှလေးထဲတွင် အိပ်နေတာကိုလှမ်းမြင်တာကြောင့်
ခွန်းသန့်နောင် ပြုံးလိုက်ရင်း Luckyနားသွားကာ လက်ညိုးဖြင့် Lucky ခေါင်းအားဖွဖွလေး သွားထိလိုက်လေသည်။ အိပ်ပုတ်ကြီးသည့် Luckyမှာတော့ မနိုးလာပေ။

" အိပ်လိုက်စားလိုက်နဲ့ ငှက်စုတ်လေး။နောက်နေ့ငါကိုကိုနဲ့roပြတာထိုင်ကြည့်ဖို့ပြင်ထား "
ဟုပြောပြီး ခွန်းသန့်နောင်လည်း သူ့အခန်းသူ၀င်ကာအိပ်လိုက်တော့သည်။

ခွန်းသန့်နောင် ပြန်ထွက်သွားမှ ခွန်သာမှိုင်း သူ့အလုပ်စားပွဲ စာဖတ်စားပွဲရှိ ခုံပေါ်ထိုင်လိုက်ရင်း ခွန်းသန့်နောင် သူ့အားပထမဆုံး စဖွင့်ပြောသည့်နေ့ကို ပြန်စဥ်းစားမိသည်။

ထိုအချိန်က ခွန်းသန့်နောင်မှာ ၉တန်း အသက်၁၅နှစ်ခန့် ထိုကောင်လေးက သူအား အစ်ကိုလိုမဟုတ်ပဲ ချစ်သူရည်းစားလို သဘောကျပါသည်ဟုပြောလာခဲ့သည်။
သူ့ဘ၀တွင် ပထမဆုံးကြောင်အကာ မှင်သက်မိသွားခြင်း စိတ်ထဲတွင် အမျိုးအမည်မသိတော့ ခံစားချက်တွေအများကြီးဝင်လာခဲ့သည်။
မည်သည့် ကိစ္စ မည်သည့်အကြောင်းအရာမျိုးကိုမှမတုန်လှုပ် မခံစားတက်တော့သော သူမှာ ခွန်းသန့်နောင်၏ရဲတင်းမှုကြောင့် ခံစားချက်အချို့ရှိသွားတာအမှန်။

The Matching Guys (Top)Tempat cerita menjadi hidup. Temukan sekarang