အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Start from the beginning
                                    

ထိုစဉ် တစ်စုံတစ်ယောက်မှာ ဓားကိုကိုင်ကာ ကျွင်းဟွိုင်လန်ကို ထိုးချလိုက်သည်အား မြင်လိုက်ရသည်။

ရွှယ်ယန်၏မျက်လုံးထဲတွင် နာကျင်မှုနှင့်အတူ အေးစက်သည့်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး အတွေးများဗလာဖြစ်သွားကာ သူ၏ရည်ရွယ်ချက်နှင့်အတွေးများအားလုံး အသုံးမဝင်ဖြစ်သွားရသည်။

သူ သတ်သာသတ်ချင်တော့သည်။ ထိုသူအား ဓားဖြင့် ခုတ်ပိုင်းပစ်ချင်နေသည်။

ထိုအရာကို တွေးမိရင်းမှ ရွှယ်ယန် နှာခေါင်းအနည်းငယ်ရှုံ့ကာ ကျွင်းဟွိုင်လန်ကို ပို၍ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

ကျွင်းဟွိုင်လန်မှ သူ၏ပုခုံးကိုအသာအယာပုတ်ပေးလိုက်သည်။

ရွှယ်ယန် ယခုပင် သတိပြန်ဝင်လာပြီးနောက် တီးတိုးပြောလိုက်သည် " အိမ်ကိုပြန်တော့…"

ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားရသည်။

ထို့နောက် ရွှယ်ယန် ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

" အိမ်မှာပြန်ပြီးနေ…ပြီးတော့ ဘယ်ကိုမှမသွားရဘူး..ကိုယ်မင်းရဲ့ခြံဝန်းကို လူတွေလွှတ်ပေးလိုက်မယ်…အဲ့ဒါဆို ဘယ်သူမှ မင်းကိုထိလို့မရတော့ဘူး…"

သဘာဝကျစွာပင် ကျွင်းဟွိုင်လန် သူ၏စကားကို နားထောင်မည်မဟုတ်ပေ။

ရွှယ်ယန် သတိပြန်ဝင်လာချိန်တွင် သူတို့နှစ်ဦးပွေ့ဖက်နေရာမှ ခွာလိုက်ကြသည်။

သူတို့နှစ်ဦး ပွေ့ဖက်နေသည်ကို အချိန်ကြာမြင့်စွာ အဝေးတစ်ရာမှ ပုန်းကွယ်ကာ စောင့်ဆိုင်းနေသည့် ကျင်းပေါင်မှာ သူတို့ခွာလိုက်ကြသည်ကိုမြင်သည်နှင့် အလျင်အမြန် ထီးတစ်လက်ကိုယူလာကာ သခင်ဖြစ်သူထံသို့ ကမ်းပေးလိုက်သည်။

ဘာလို့ ထီးနှစ်လက်မဖြစ်ရတာလဲလား… သဘာဝတကျပဲလေ ထီးတွေလိုချင်သလောက်များများရှိပေမယ့် သူတို့က နီးစပ်နေတဲ့လူတွေပဲဟာ ဘာလို့ နှစ်လက်ခွဲပြီးဆောင်းရမှာလဲနော်….

ကျင်းပေါင် ထီးကိုကမ်းပေးလိုက်ကာ ပြောလာသည် " သခင် လှည်းကတံခါးမှာရောက်နေပါပြီ…"

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now