အပိုင်း ၃၆ (မရေမရာ ဆက်ဆံရေး)

Start from the beginning
                                    

ခွန်သာမှိုင်းက ဘာမှပြန်မပြောပဲ နောက်တစ်ခုထပ်ကပ်ရန်လုပ်သည်။ ခွန်းသန့်နောင်ကခေါင်းရှောင်တော့ အားသုံးကာ သူ့နားသေချာပြန်ဆွဲပြီး ပြန်ကပ်ပေးလိုက်လေသည်။

" ပြန်ခွာရဲ ခွာကြည့် မင်းခြေထောက်ကျိုးအောင်ရိုက်ပစ်မယ်"

ခွန်းသန့်နောင် သူ့လည်ပင်းသူ လက်ဖြင့်ပွတ်လိုက်ရင်း
" အာဏာအရမ်းသုံးတာပဲဗျာ ထားပါ ဘာပဲဖြစ်ဖြစ် မနေ့ညကကိစ္စတာ၀န်ယူရမှာပဲနော်။အခုကမရေမရာကြီး "

" ဆင်းတော့ အဲ့ကိစ္စညမှထပ်ပြောမယ် ဆေးရုံမှာတစ်ခွန်းတောင်ထပ်မဟလာနဲ့"

ခွန်းသန့်နောင် မျက်နှာတည်ကြီးနှင့် ခွန်သာမှိုင်းကိုကြည့်ပြီး မျက်မှန်မပါတာကိုသတိထားမိသွားသည်။
" ဟုတ်သားပဲ မျက်မှန် ကိုကို့မျက်မှန်"

" အင်း မျက်မှန်မပါတာ တစ်မျိုးဖြစ်နေလား"

" ဘာကိုလဲ"

" ကြောက်စရာကောင်းနေလားလို့မေးတာ"

ခွန်းသန့်နောင်က ပြုံးလိုက်ကာ ခွန်သာမှိုင်းမျက်နှာကိုဖွဖွကိုင်ရင်း
" ဘယ်ကသာ ချောနေတာ ကိုကို့မျက်နှာပေါ်မှာချောမောမှုတွေပဲရှိတယ်။ မျက်မှန်ပါလည်းချောတယ် မပါလည်း ချောတယ် ။ အပေါ်ကကြည့်ကြည့် အောက်ကကြည့်ကြည့် ဘေးကကြည့်ကြည့် ဘယ်လိုကြည့်ကြည့်ချော"

ခွန်သာမှိုင်းက ခွန်းသန့်နောင်လက်ကိုပြန်ဖယ်ချရင်း
" အပိုတွေမပြောစမ်းနဲ့"

" အားရိုး ကျွန်တော် ကိုကိုနဲ့ပတ်သတ်ရင်းတစ်ခါမှအပိုမပြောဖူးဘူး။ကိုကိုမျက်မှန်တပ်ရတာကြိုက်ရင် ကျွန်တော် နောက်ရက် မျက်မှန်အစားပြန်၀ယ်ပေးမယ်။ ဒီနေ့တော့ ဒီတိုင်းနေလိုက်နော် ဘာပဲဖြစ်ဖြစ် မျက်မှန်မရှိလည်း ကိုကို့မျက်စိကအကောင်းပဲဟာ"

" မလိုဘူး ငါ့မှာအပို၀ယ်ထားတာတွေရှိသေးတယ်"

"မနေ့က ကျွန်တော့်ကြောင့် မျက်မှန်ကျိုးသွားတာလေ။ ကျွန်တော်လည်းတစ်ခုလောက်ထပ်၀ယ်ပေးချင်လို့ပါ"
ပြောပြီး ခွန်သာမှိုင်းပါးပြင်အား ဖျတ်ခနဲလှမ်းနမ်းလိုက်ပြန်သည်။
ပြီးတာနဲ့ ကားပေါ်ကအမြန်ဆင်းပြီး အပြင်ကနေပြန်ပြောသည်။

The Matching Guys (Top)Where stories live. Discover now