လုစုဝေ၏မျက်လုံးများမှာတောက်ပသွားပြီး သူအရှေ့ကိုသူ၏ဓားဖြင့်အရှိန်ဖြင့်ပြေးသွားလေသည်။

အချိန်တွေတဖြေးဖြေးကုန်လာပြီး လုစုဝေသည်အခြားသောဖြေဆိုသူများထက် အချိန်ပိုကြာကြာစည်းထဲတွင်နေလေသည်။

လူလတ်ပိုင်းလူကြီး၏မျက်နှာမှာ တင်းမာမနေတော့ပေ။ စည်းထဲတွင်အချိန်အတိုင်းအတာတစ်ခုအကြာနေနိုင်သောဖြေဆိုသူများရှိသော်လည်း လုစုဝေသည်သူတို့ထက်ပို၍အခြေအနေကောင်းလေသည်။

အချိန်အကြာကြီးနေသောအခါ အပြာရောင်အလင်းတန်းသည်ထွက်ပေါ်လာလေသည်။

ထိုနောက်လုစုဝေသည်စည်းထဲမှာ အပြင်သို့ထွက်လာလေတော့သည်။

သူ၏မျက်နှာဖြူဖျော့မနေသော်လည်းကျေနပ်သည့်ပုံတော့မပေါ်ပေ။

သူသည်စည်း၏လှည့်ကွက်ကိုရှာတွေ့ခဲ့သော်လည်း ဖျက်စီးဖို့နည်းလမ်းကိုတော့ရှာမတွေ့ခဲ့ပေ။ သူအားအင်မကုန်ခမ်းခင်တွင်ပဲ သူ၏ဖယောင်းဘာလုံးအားချေဖျက်လိုက်ရတော့လေသည်။

သို့သော်လည်း....

လုစုဝေသည်အသက်ကိုတစ်ဝရှူလိုက်ပြီး ယွင့်ရှုကိုလှမ်းကြည့်လိုက်လေသည်။

သူစည်းထဲတွင်နေနိုင်သောကြာချိန်သည် အရှေ့ကလူများအားလုံးထက်အများကြီးပိုကြာသည်ဟု သူယုံကြည်လေသည်။ အခုယဲ့ကျင့်ထန်နှင့်ယွင့်ရှုသာကျန်လေသည်။

လုစုဝေသည်အနီရောင်အတွင်းအားအမြစ်သာရှိသော ယဲ့ကျင့်ထန်ကိုဂရုပင်မစိုက်တော့ပေ။ ယွင့်ရှုတစ်ယောက်တည်းကသာ သူနှင့်ဒီစစ်ဆေးမှုတွင်ယှဉ်ပြိုင်နိုင်မည်ဖြစ်လေသည်။

"လုစုဝေမင်အခုနောက် စစ်ဆေးမယ့်နေရာကိုသွားလို့ရပြီ"ဟုလူလတ်ပိုင်းလူကြီးသည်တဖြေးဖြေးပြောလေသည်။ သူသည်လုစုဝေအစွမ်းပြသမှုအား အတော်အသင့်ကျေနပ်နေလေသည်။

လုစုဝေသည်စည်းထဲတွင်အချိန်အကြာကြီးရှိနေနိုင်သောကြောင့် တခြားသောဖြေဆိုသူများသည်နောက်စစ်ဆေးမည့်နေရာသို့ ရောက်နေကြပြီးဖြစ်လေသည်။

လုစုဝေသည်အသာခေါင်းငြိမ့်လိုက်လေသည်။ သူ၏မာန်တက်နေသောမျက်လုံးများသည်ယွင့်ရှုကိုကျော်ကာ ယဲ့ကျင့်ထန်ဆီသို့ရောက်သွားလေသည်။ သူသည်ပြုံးကာထွက်သွားလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now