အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Start from the beginning
                                    

ကျွင်းဟွိုင်လန် မည်သည့်စကားမှ မပြောရဲတော့ပဲ သူ့စိတ်သူတည်ငြိမ်အောင်ထားကာ တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး သတိမလစ်သွားပဲ စကားအနည်းငယ်ပြောနေရန်  ပြုလုပ်ရမည်ဖြစ်သည်။

အဆုံးတွင် ရွှယ်ယန်က လုံးဝငြိမ်ကျသွားသည်။

ကျွင်းဟွိုင်လန်က သူ့ကို တုန်ယင်သည့်အသံဖြင့် ခေါ်လိုက်သော်လည်း သူလုံးဝ မတုံ့ပြန်ခဲ့ပေ။

အချည်းနှီးဖြစ်သည်ကို သိသော်လည်း ကျွင်းဟွိုင်လန်က သူ့ဘေးတွင် စကားအမျှင်မပြတ်အောင်ပြောနေပြီး အပြင်ဘက်မှအသံများကို နားထောင်ခိုင်းနေသည်။

သို့ရာတွင် ရွှယ်ယန်က သူ့ကို လုံးဝမတုံ့ပြန်တော့ပေ။ 

ကျွင်းဟွိုင်လန်၏ ငိုရှိုက်သံက တဖြည်းဖြည်း ကျယ်လောင်လာပြီး နောက်ဆုံးတွင် အော်ဟစ်ငိုကြွေးနေသည့် အခြေအနေဖြစ်သွားသည်။

" ရွှယ်ယန် မင်း ငါ့ကို ကတိပေးထားတယ်လေ... မင်း သတိမလစ်ပဲ ငါနဲ့တူတူ အပြင်ထွက်မယ်ဆို..."

ယခုချိန်တွင် သူ့ကိုယ်သူသာ စကားပြောနေရသော်လည်း လက်လျှော့ခြင်းမရှိပဲ ရွှယ်ယန့်ကိုသာ အဆက်မပြတ်ခေါ်နေမိသည်။

သူ့အသံနှင့် ခန္ဓာကိုယ်က တုန်ယင်လာပြီး ပါးပြင်ထက်တွင် မျက်ရည်များစီးကျလာသည်။

ထိုအချိန်တွင် အပြင်ဘက်မှ အသံသေးသေးလေးကို ကြားလိုက်ရသည်။

" အရှင့်သား... သခင်လေး..."

၎င်းက ကျင်းပေါင်၏အသံဖြစ်သည်။

" ငါတို့ ဒီမှာ..."

တစ်ကြိမ်တစ်ခါမှ စကားကို ကျယ်ကျယ်မပြောဖူးသည့် ကျွင်းဟွိုင်လန်က အသံကုန်အော်ဟစ်ပြီး တုံ့ပြန်လိုက်သည်။

အပြင်ဘက်မှလူများက သူ့အသံကို ချက်ချင်းကြားလိုက်သည်။

" ဒီဘက်ကိုတူးကြ..."

ကျင်းပေါင်က လူအုပ်ကြီးကို ကတိုက်ကရိုက် အမိန့်ပေးလိုက်သည်။

" ရွှယ်ယန် မင်းကြာလိုက်လား... အဲဒါ ကျင်းပေါင်ရဲ့အသံလေ..."

ကျွင်းဟွိုင်လန်က ရွှယ်ယန့်မျက်နှာကို ဂရုတစိုက်ထိပြီး ပြောလိုက်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now