Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း

Start from the beginning
                                    

လွင့်မျောနေတဲ့ တိမ်တွေလို ပုံရိပ်တွေက တစ်ချက်ချင်းစီ ပြန်ပေါ်လာပြီး ရှင်းလင်းစွာ ပြန်‌မြင်ယောင်လာခဲ့သည် ၊ ရှရှီချင်း ကောက်ကြောင်းအချိုးအကွေ့တွေကို ပုံဆွဲဘုတ်ပေါ်မှာ ဖြည့်ကြည့်လိုက်သည်

သုံးဖက်မြင် ကောက်ကြောင်းတွေ ၊ ပြတ်ရှထင်ရှားသော မျက်ခုံး မျက်လုံး ၊ ရွံ့ရှာမှုကြောင့် အနည်းငယ် ဖိတင်းထားသော နှုတ်ခမ်းတွေ ဒါတွေကို ပြောင်ရှင်းနေသော ပုံဆွဲဘုတ်ပေါ်မှာ ဆေးဆီတွေရဲ့ အရောင်ထင်းထင်းနဲ့ ‌ဆွဲချလိုက်ပြီး ဘယ်နေရာမှ မလွတ်စေရချေ။

လက်မှာ စုတ်တံကိုင်ထား‌ေသာရှရှီချင်းအနောက်ကခုံကိုမှီကာ ခြေတစ်ဖက်က ပန်းချီပစ္စည်းစားပွဲကို ထောက်နင်းထားပြီး ဆွဲထားသောပုံကို သေချာဆန်းစစ်ကြည့်လိုက်သည်

သူဘယ်အရာကို ‌သဘောမကျနိုင်တာလည်း သူလည်းမသိပါ ၊ ကောက်ကြောင်းလိုင်းဖော်ပြချက်တွေက တကယ့်အပြင်ကလူရဲ့ ဆွဲဆောင်မှုရဲ့ ဆယ်ပုံပုံ တစ်ပုံထက် အမြဲ နည်းသည် ပြီးတော့ ရွံရှာနေတဲ့‌ေထာင့်ချိုးကလည်း တထပ်တည်းမကျဖို့မဖြစ်နိုင်ပါ

သူ့ရဲ့ဖုန်းကမြည်လာပြီး လက်ဆန့်ပြီးယူကာ သူမသိသောသူရဲ့ဖုန်းဖြစ်သည်၊

" ဘယ်သူပါလဲခင်ဗျ?"
အကျင့်အရ ယဉ်ကျေးသလို ဟန်ထုတ်လိုက်သည်။

" ကျွန်မတို့အရင်ကဆုံဖူးတယ်လေ မှတ်မိလား?"
တဖက်လူအသံကအရမ်းရင်းနှီးနေတာမို့ တစ်စက္ကန့်နှစ်စက္ကန့်လောက်ပြန်စဉ်းစားယူလိုက်ပြီး
" အော် ! မစ်ကျန်း မလား?"

" ဟုတ်ပါတယ် မှတ်မိနိုင်သားပဲ "
တစ်ဖက်မှ ကျန်းယင်က ပြုံးလိုက်ပြီး
" အခုတလော စိတ်ရှုပ်နေရတာလား? အင်တာနက်မှာရှင်အရမ်းနာမည်ကြီးနေတာဆိုတော့"

ရှရှီချင်းပြုံးကာအကျောဆန့်လိုက်ပြီး
" ကံကောင်းစွာပဲ အခုမှ အိပ်ရာကနိုးလာတာ ပထမဆုံးဖုန်းခေါ်တဲ့သူက ခင်ဗျားပါပဲ"

ကျန်းယင်အနည်းငယ်အံ့ဩသွားသည် ၊ ထိုလူငယ်လေးက သူမဘယ်လိုဖုန်းနံပါတ်ရလာတာလဲတောင်မမေးပဲ အရမ်းတည်ငြိမ်ကာနေသည်

I Only Like Your Character SettingsWhere stories live. Discover now