Chapter 2 ပေါ်သွားသောအဖြစ်အပျက်

Comenzar desde el principio
                                    

ရှရှီချင်း ခေါင်းကိုအနည်းစောင်းပြီး ထိုသူကိုကြည့်လိုက်ကာ သေချာစွာ‌နားထောင်နေမိခဲ့သည် ၊ အမှန်တိုင်းပြောရရင် ကျိုးကျစ်ဟန်က ဒီအနုပညာလောကနဲ့ လိုက်ဖက်မှာမရှိနေဘူးလို့ သူအမြဲခံစားမိသည် ၊ သန့်စင်ထားသောပတ်ဝန်းကျင်မှာရှိတဲ့ ကုန်ပစ္စည်းတစ်ခုနဲ့တူသည် ၊ သူ့မှာရှုပ်ထွေးပြီး အန္ဒရာယ်များသောပတ်ဝန်းကျင်အတွက် ကယ်တင်ခြင်းနှလုံးသားတစ်ခုရှိသည် ၊ ကုန်ကုန်ပြောရရင်. အမှားစ်ခုကြောင့် အပြစ်ကြွေး ပြန်ဆပ်နေရတဲ့သူနှင့်တူသည်
( ကျိုးကျစ်ဟန်က ရုပ်ရှင်လောကနဲ့ မလိုက်ဖက်ဘူးဆိုတဲ့ အကြောင်းကိုပြောနေတာပါ)

ဒါက သူ ကျိုးကျစ်ဟန် ဒီလိုနီးနီးကပ်ကပ်မှ ပထမဆုံးမြင်ရခြင်းဖြစ်သည် ၊မိန်းမငယ်‌လေးတွေဟာ သူတို့အနုပညာရှင်ကို အပြင်မှာတွေ့ရဖို့အတွက်ဘာကြောင့်တကောက်ကောက်လိုက်နေရတာလဲဆိုတာကို သူနားလည်လိုက်သည် ၊ ကြည့်ကောင်းကြတဲ့သူတို့ဟာ အပြင်မှာပိုပြီးသာကြတာမို့ဖြစ်သည်

စင်ပေါ်မှာရှိတဲ့ ကျိုးကျစ်ဟန်ကိုသူကြည့်လိုက်ရာ သူ့ရဲ့ ဘယ်ထောင့်ကကြည့်ကြည့် အရမ်းကို ပြီးပြည့်စုံလွန်းတယ်လို့ ခံစားမိတာနဲ့ ပုံကြမ်းဆွဲလေ့ကျင့်တဲ့ ကိရိယာတစ်ခုလို အ‌သွေးအသားကင်းမဲ့တဲ့ ပလတ်စတစ်တွေနဲ့ အစားထိုးမြင်ကြည့်လိုက်တယ် ၊ အလုပ်ရောဂါအရ သူ့ရဲ့မသိစိတ်ထဲကနေ ကျိုးကျစ်ဟန်ရဲ့ အဝတ်အစားအောက် ကြွက်သားတွေ အရေပြားတွေကို တစ်လက်မချင်းစီ ဆန်းစစ်ကာ စကန်ဖတ်ကြည့်နေမိသည်။ ရှရှီချင်းက မရေမတွက်နိုင်တဲ့လူတွေ ဆန်းစစ်ကြည့်ဖူးပေမဲ့ ကျိုးကျစ်ဟန်ရဲ့ ခန္ဒာကိုယ်က သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံးသာဖြစ်သည်။

သူ့ပုံတူရုပ်ထုတစ်ခုလောက် တကယ်ကို ဖန်တီးကြည့်ချင်လိုက်တာ ..
ရှရှီချင်း ရင်ထဲမှာသက်ပြင်းလေးချလိုက်မိသည်

"ပရိသတ်တွေအတွက်မေးခွန်းလေးတွေ စတင်လိုက်ကြရအောင်"
စီစဉ်ကြေညာသူက မိုက်ကို ကျိုးကျစ်ဟန်ဆီကမ်းပေးလိုက်ပြီး
" ကျစ်ဟန် အရင်စလိုက်ပါ"

ဖန်တွေက စတင်အော်ဟစ်လာကြပြီး လေထုအနေအထားကလည်း စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နက်လို့လာတော့သည် ၊ ကျိုးကျစ်ဟန်က သူ့မျက်‌မှောင်အနည်းငယ်ကြုတ်လိုက်သည် ၊ အဲ့ဒီလှုပ်ရှားမှုသေးသေးလေးကတောင် ရှရှီချင်းအတွက်ကြည့်ရတာ စိတ်ကျေနပ်စေလေသည်

I Only Like Your Character SettingsDonde viven las historias. Descúbrelo ahora