အပိုင်း ၂၀ ( မပီပြင်သော လိမ်လည်မှု)

Start from the beginning
                                    

အစာကျွေးမည်ဆိုသာသိ၍ ပံုမှန်ဆို အနေအေးပြီးချေလွန်းသည့်မြွေက ခေါင်းထောင်လာသည်။

" အစာ စားရမယ်ဆိုတော့ပျော်နေတာပေါ့လေ ။ ရုတ်ရုတ် ရုတ်ရုတ်တော့မလုပ်နဲ့နော် အေးအေးဆေးဆေးစားပြီးပြန်အိပ်"

ခွန်းသန့်နောင် ကျွေးခိုင်ထားသည့်ပမာဏအကုန်လုံးကိုကျွေးလိုက်ပြီး မြွေကဗိုက်၀သွားပုံပေါ်သည်။
ဘယ်မှပင်မသွားပဲ ထိုနေရာမှာပင် ဆက်နေနေတာကြောင့် ခွန်းသန့်နောင် မြွေခေါင်းလေးကိုတစ်ချက်တို့လိုက်သည်။
မြွေအနက်ရောင်လေးကတော့ ဘာမှပြန်မလုပ်။ ခွန်းသန့်နောင်အရင်ကနည်းနည်းလန့်ပေမဲ့
အနေကြာလာေတာ့ ထိုမြွေကအေးလွန်းပြီး ရန်မပြုတက်ဘူးဆိုတာသိလာသည်။
သို့ပေမဲ့လည်း ရဲရဲတင်းတင်းတော့မကိုင်ရဲသေးချေ။

" အစာ၀ပြီးလှုပ်တောင်မလှုပ်ချင်တော့ဘူးပေါ့လေ။ မင်းဒီမှာနေရတာကံကောင်းတယ်သိလား။
တရုတ်ပြည်မှာသာဆို မြွေသားပြုတ်၊ မြွေသားကြော်၊မြွေသားသုပ်၊ မြွေသားဟင်းအစုံသုပ်တွေဘာတွေဖြစ်နေလောက်ပြီ။"
ခွန်းသန့်နောင်ပြောသည့်စကားများကို မြွေနားလည်မလည်တော့ မသိဟိုဘက်ဘေးရှိလှောင်အိမ်ကြီးအတွင်းမှ Lucky ကတော့မြွေကိုလှမ်းကြည့်ရင်း ပါးစပ်ကရွတ်ဆိုလာတော့သည်။

" မြွေသားကြော်၊ မြွေသားသုပ်၊ မြွေသားပြုတ်…အ..အ"

ခွန်းသန့်နောင် လက်အိတ်တွေဘာတွေချွတ်ကာ Luckyဆီသွားလိုက်ရင်း
နှုတ်သီးကိုလက်ညိုးဖြင့် နှစ်ချက်လောက်ထိလိုက်သည်။

" မင်းရူးနေလား ။ အရင်သင်ထားပေးတာပဲတက်အောင်လုပ်လေ ။ ကိုကို့ရှေ့မှာ ခဏကလိုမအော်ရဘူးနော် ။ ငါတို့နှစ်ယောက်သူ့မြွေကိုမကောင်းကြံနေတယ်ထင်ပြီး အိမ်ပေါ်ကနှင်ထုတ်ခံရလိမ့်မယ်"

Lucky ကတော့ ခွန်းသန့်နောင်စကားနားထောင်နေသည့်ပုံမပေါ် အောက်ပြန်ငုံ့ရင်းသူ့အစာတွေကိုသာ အမျိုးအစားခွဲနေသည်။

အစကခွန်းသန့်နောင်ထင်သည်က Lucky ကအစာရွေးစားသည်ဟု ။ သို့ပေမဲ့ရွေးစားတာမဟုတ်ပဲ
သူ့ရဲ့ အစေ့အဆန်အစာတွေကို ခွက်တွေထဲသေချာပြန်ခွဲထည့်ပြီးမှစားတာဖြစ်သည်။
အကျင့်ပဲလား အားနေ၍ အလုပ်ရှာလုပ်နေသည်လားတော့Lucky ပဲသိနိုင်မည်။

The Matching Guys (Top)Where stories live. Discover now