အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Почніть із самого початку
                                    

မြို့စားမင်းယုံနင်ရှိလျှင် စုံစမ်းစစ်ဆေးခြင်းကို အချိန်ပြည့်လုပ်ဆောင်ရမည်သာဖြစ်သည်။ တည်းခိုဆောင်တွင် ညစာစားသောက်ကြပြီးနောက် စောစောအနားယူကာ နောက်နေ့မနက်စောစောတွင် ယန်ကျိုးမြို့တစ်ဝိုက်မှ ရွာငယ်လေးများနှင့် မြို့ငယ်များသို့ သွားရောက်မည်ဖြစ်သည်။

ယခုနှစ်တွင် အလွန်မိုးများလှသဖြင့် ယန်ဇီမြစ်တောင်ပိုင်းမှ ရွာ‌များနှင့် မြို့ငယ်လေးများကို သက်ရောက်ခဲ့သည်။ မြစ်ရေလျှံမှုကြောင့် အိုးအိမ်များတွင် ရေတက်လာသည့် ပြဿနာငယ်များက အနည်းနှင့်အများဖြစ်လာခဲ့သည်။

သို့ရာတွင် ယန်ကျိုးကမူ အခြားနေရာများနှင့် ကွဲပြားလှသည်။

ယန်ကျိုးက မြစ်ချောင်းများစွာ ကန့်လန့်ဖြတ်တည်ရှိပြီး ရေလမ်းကြောင်းရှုပ်ထွေးလှသော်လည်း ဤနှစ်တွင် မည်သည့်လယ်ယာမြေများမှ ရေဖုံးလွှမ်းမခံခဲ့ရပေ။  ယန်ကျိုးမှ မြစ်ရေထိန်းသိမ်းမှုပုံစံကို လွန်ခဲ့သည့်ဆယ်စုနှစ်များစွာက ယန်ကျိုးဒေသခံအစိုးရက ယန်ကျိုး၏ မြေမျက်နှာသွင်ပြင်အရ တည်ဆောက်ပေးထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ ထို့နောက်တွင် နှစ်စဉ်နှစ်တိုင်းရေမကြီးအောင် အားဖြည့်တင်းပေးမှုသာ လုပ်ဆောင်ရတော့သည်။

   

ယန်ကျိုးဒေသ၏ အောက်ရုံးတော်တရားသူကြီးက သူတို့ကို ထိုကိစ္စနှင့်ပတ်သက်၍ အားလုံးရှင်းပြခဲ့သည်။ ကျွင်းဟွိုင်လန်က အံ့အားသင့်သွားခဲ့ရပြီး စုတ်တံနှင့် စာရွက်တစ်ချောင်းကိုရှာကာ သူပြောပြသမျှအားလုံးကိုနားထောင်ပြီး မှတ်သားထားခဲ့သည်။ ချန်အန်းသို့ နေရာအနှံ့မှပို့ဆောင်လိုက်သည့် လျှောက်တင်လွှာများက နားလည်ရုံသာဖြစ်ပြီး ဤမျှအသေးစိတ်မကျပေ။ ထိုအပြင် ဤကိစ္စကို မျက်စိရှေ့တွင် ကိုယ်တိုင်မြင်ရပါက ပို၍လွယ်ကူစွာ သိမြင်နိုင်ပေသည်။

   

ရက်အနည်းငယ်အကြာတွင် ကျွင်းဟွိုင်လန်ထံတွင် မှတ်စုပေါင်းမြောက်များစွာဖြစ်လာ၍ ရှန်းကျီဖုသည်ပင် သိသွားသည်။

" သခင်လေးက ဒီကိစ္စကို တော်တော်စိတ်ဝင်စားနေတာပဲ..."

ပြန်လာသည့်လမ်းတစ်လျှောက်တွင် သူက ကျွင်းဟွိုင်လန်မှတ်သားထားသည့်အရာများကို တောင်းယူပြီး ဂရုတစိုက်ဖတ်ကြည့်သည်။ သူက လိုရင်းတိုရှင်းမှတ်သားထားရုံသာမက သူ့ကိုယ်ပိုင်အတွေးများကိုပါ ထည့်သွင်းရေးသားထားသည်။ သူ ပို၍ ဖတ်ရှုမိလေ သူ့မျက်လုံးများ ပို၍အရောင်တောက်လာလေဖြစ်သည်။ အားလုံးကိုဖတ်ပြီးသွားချိန်တွင်လည်း ထိုစာရွက်များအား မြို့စားမင်းယုံနင်ကို ပြန်လည်ပြသရန် မမေ့ပေ။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now