ထိုလူငယ်လေးသည်အသက် ၁၈ ကနေ၁၉ ဝန်းကျင်ရှိလေသည်။ သူသည်အရပ်ရှည်ပြီးလိမ္မော်ရောင်အတွင်းအားအမြစ်ကို ပိုင်ဆိုင်ထားလေသည်။

သူသည်ကောင်းကင်တက်လမ်းတွင် ကောင်းမွန်စွာအစွမ်းမပြသနိုင်ခဲ့ပေ။ ထိုကြောင့်အခုစည်းတွင်အာရုံစိုက်ခံရရန် အသေအချာပြင်ဆင်ထားပြီးဖြစ်လေသည်။

"မင်းစည်းကိုဝင်ဖို့အဆင်သင့်ဖြစ်ပြီလား?" ထိုလူကြီးသည်စိတ်လှုပ်ရှားနေသော လူငယ်အားကြည့်ပြီးနက်ရှိုင်းသောအသံဖြင့်မေးလေသည်။

ထိုလူငယ်လေးလည်းတွေးဝေမှုများရှိမနေပဲ ခေါင်းချက်ချင်းငြိမ့်လိုက်လေသည်။

ထိုနောက်ထိုလူကြီးသည်လက်မြှောက်လိုက်ရာ ပူးပူးကပ်ကပ်ထောင်ထားသောဘားဟွားအလံများကြားတွင် လျှောက်လမ်းတစ်ခုပေါ်လာလေသည်။ ထိုလမ်းတစ်ခုလုံးအားမြူနှင်းများဖြင့် ဖုံးအုပ်ထားလေကာဘယ်သူမှအထဲကိုသေချာစွာမမြင်ရနိုင်ပေ။

"ဝင်" ဟုအမိန့်ပေးလိုက်လေသည်။

ထိုလူငယ်သည်ပုံရိပ်နယ်မြေစည်းထဲသို့ လျှောက်သွားလေသည်။ သူ့၏ကိုယ်ခန္ဓာမှာမြူနှင်းများထို့သို့လှမ်းဝင်လိုက်သောအခါမြင်ကွင်ထဲကနေပျောက်ကွယ်သွားလေသည်။ ဘားဟွားအလံများသည်ပြန်စုစည်းသွားပြီး စည်းတစ်ခုလုံးကိုပိတ်ထားလိုက်တော့လေသည်။

"ကျုပ်ထင်တာတော့ဒီလူငယ်လေး အတော်ကြာကြာအထဲမှာရှိနေအုံးမှာ။ ပိုကြာကြာနေနိုင်လေ ပိုပြီးကောင်းလေပဲလေ။ တကယ်လို့စည်းကိုမဖျက်စီးနိုင်ဘူးဆိုတောင် အထဲမှာအချိန်ဆွဲနေလို့ရတယ်"ဟုစာမေးဖြေဆိုသူတစ်ဦးမှတိုးတီးပြောလေသည်။

"ဒါအမှန်ပဲ။ ငါတို့အယောက်တစ်ရာလုံးကို စစ်ဆေးဖို့နှစ်ရက်သုံးရက်လောက်လို့လိမ့်မယ်"

ယဲ့ကျင့်ထန်သည်ဒေါင့်တစ်နေရာမှနေ၍ စာမေးပွဲဖြေသူများအားလိုက်ကြည့်နေလေသည်။ တချို့သောသူများပုံရိပ်နယ်မြေစည်းအပေါ် ပေါ့ပေါ့လျော့လျော့ဖြစ်နေကြသည်ကို သူမသတိထားမိသောအခါပြုံးမိသွားလေသည်။အောင်မြင်ဖို့လွယ်ကူလို့တုန်း ဘယ်တုန်းကများဂိုဏ်းဝင်ခွင့်ကို ?

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now