စည်းကိုဖျက်စီးဖို့မလိုဘူး?

လူတိုင်းသည်သူတို့ရှေ့တွင်ရှိနေသော ပုံရိပ်နယ်မြေစည်းကိုပို၍ပင်စိတ်ဝင်စားသွားကြလေသည်။

ထိုလူကြီးသည်သူ့နောက်ကတပည့်များကို ကျောင်းသားလောင်းများအားဖယောင်းဘောလုံးများကို ဝေပေးခိုင်းလေသည်။

"စည်းထဲမှာတိုက်ခိုက်ဖို့ရှိလာလိမ့်မယ်။ အထဲမှာရှိတဲ့ဘယ်အရာကမှ မင်းတို့ကိုအသက်အန္တာရယ် မထိခိုက်နိုင်ဘူး။ မင်းတို့မခံနိုင်တော့ဘူးဆိုရင်ဒီဖယောင်ဘောလုံးကိုချေလိုက်တာနဲ့ ပုံရိပ်နယ်မြေစည်းကပျောက်သွားလိမ့်မယ်။ အဲ့ကျရင်မင်းတို့စည်းထဲကထွက်လို့ရပြီ။

ဒါပေမယ့်ငါမင်းတို့ကိုသတိပေးချင်တယ်။ မင်းတို့ဖယောင်းဘောလုံးကိုချေဖျက်လိုက်ပြီဆိုတာနဲ့ မင်းတို့ကိုစစ်ဆေးတာပြီးသွားပြီ။ မင်းတို့ဘောလုံးချေလိုက်တဲ့အချိန်နဲ့ မင်းတို့စည်းထဲမှာနေနိုင်တဲ့ကြာချိန်စုစုပေါင်းက ဂိုဏ်းဝင်ခွင့်စစ်ဆေးမှုအတွက် အမှတ်ယူသွားလိမ့်မယ်။"ဟုသူပြောလေသည်။

တိုက်ခိုက်ရမယ်?

ထိုလူကြီးပြောသောစကားများထဲရှိ အဓိကအချက်အလက်များအားစာမေးပွဲဖြေသူတိုင်းသည် အမိအရမှတ်ထားလိုက်ကြလေသည်။ တိုက်ခိုက်ရမည်ဟုပြောသော်ငြားလည်း သူတို့အသက်အန္တရယ်ကိုမစိုးရိမ်ရပေ။ ထို့အပြင်အစောကသူတို့စည်းကိုဖျက်စီးဖို့မလိုဘူး ဟုပြောခဲ့လေသည်။ကြည့်ရတာ ဒီစစ်ဆေးမှုကသူတို့အချိန် ဘယ်လောက်ကြာကြာစည်းထဲမှာ နေနိုင်မလဲဆိုတာကိုစစ်ဆေးပုံရလေသည်။

လူတိုင်းသည်စည်းမျဉ်းများကိုကြားပြီးနောက် အလွန်စိတ်မပူကြတော့ပေ။

သူတို့စည်းကိုမဖျက်စီးနိုင်ရင်တောင် စည်းထဲမှာအချိန်ကြာအောင်နေနိုင်ရုံနဲ့ပင်ရလေသည်။ ဒီဟာမှာအရမ်းခက်ခဲလိမ့်မည်မဟုတ်ပေ။

ကောင်းကင်တက်လမ်းကိုအောင်မြင်အောင်တက်ခဲ့သူတို့ကို အနောက်ဆုံးမှနေ၍စီလိုက်သော် လူငယ်လေးတစ်ယောက်သည် ပထမဆုံးပုံရိပ်နယ်မြေစည်းကိုဝင်ရမည်ဖြစ်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now