38 (ဇာတ်သိမ်းပိုင်း)

Start from the beginning
                                    

"ဖေဖေခွံ့တာစားချင်လို့လေ ဖွေးက ကလေးပဲရှိသေးတာကို"

"ကလေးဆို အိမ်ထောင်မပြုသေးဘူး"

ဖေဖေ့စကားကြောင့် ဖွေးခြေလေးဆောင့်ပစ်လိုက်ကာ...

"ဖေဖေနော် ဖွေးကိုမပြောနဲ့ အဲ့ဒါဖေဖေ့သားကြောင့်"

"စောစောကတော့ ဖွေးလည်းလိုက်ချင်လို့ပါဆို"

"အဲ့ဒါတော့အဲ့ဒါပေါ့ ဒါပေမယ့် သူအတင်းခိုးပြေးလို့ လိုက်ရတာလေ"

ဖွေးပြန်ပြီးရန်တွေ့သလိုပြောတော့ ဖေဖေက ရယ်ကာ ဖွေးပခုံးလေးကိုဖက်သည်။
ဖွေးတစ်ချိန်လုံးအိမ်မက် မက်ခဲ့ရသည့်စိတ်ကူးအိမ်မက်ဟာ လက်တွေ့ဖြစ်လာခဲ့ပြီမို့ ပျော်နေမိကာ ဖေဖေ့မျက်နှာကိုပဲ ခဏခဏမော့ကြည့်မိသည်အထိ။
ဖေဖေကသိပ်ချောတာပဲ…

"ဖွေး ကိုယ့်ဆီလာဦး ဒီမှာမရဘူး"

မိဘတွေကိုကပ်ချွဲနေတုန်း ကိုကို့ဆီကခေါ်သံကြောင့် ဖွေးပြန်လှည့်ပြေးလာခဲ့ရပြီး ကိုကိုကအခန်းထဲမှာဖုန်းတစ်လုံးကို ကိုင်ပြီးရပ်နေသည်။

"ကိုကို ဘာဖြစ်လို့လဲ ဘာမရတာလဲ"

"ဖေဖေတို့အခုမှဆုံရတာကို ဘာလို့သွားရှုပ်နေတာလဲ လာ.. ကိုယ့်ကိုဖက်ထား"

"ဟွန့်•• ဘာဆိုင်လို့လဲ မဖက်ချင်ပါဘူး"

"မရဘူး"

ကိုကိုက ဖွေးကိုခါးလေးကနေဆွဲပွေ့ပြီး သူ့ရင်ခွင်ထဲမှာမြုပ်သွားအောင်ဖက်ကာ ပါးလေးကိုနမ်းတော့ ဖွေး သူ့ကိုမျက်စောင်းထိုးပစ်လိုက်သည်။
ဖေဖေနဲ့မေမေတို့ အတူပြန်နေကတည်းက ဖွေးနဲ့သူ့ကိုလည်း လက်ထပ်ခွင့်ပေးခဲ့တာမို့ ဧည့်ခံပွဲလုပ်ဖို့သာကျန်တော့၏။
ဒါကိုပဲ ကိုကိုကကျေနပ်နေကာ ဖွေးကိုလည်း မျက်စေ့အောက်က အပျောက်မခံသလို ရုံးကိုလည်းမလိုက်ရ။

"ထမင်းစားလို့ရပြီ"

"ကိုယ် ထမင်းမစားချင်သေးဘူး စတော်ဘယ်ရီစားချင်တာ"

"ဒီရာသီမှာ ဘယ်က.."

ဖွေးစကားလေး တစ်ဝက်တစ်ပျက်ရပ်သွားရပြီး ဖွေးနှုတ်ခမ်းတွေကို အပိုင်သိမ်းသွားသည့်သူ့ကြောင့် အနမ်းတွေထဲနစ်မျောသွားရင်း လည်ပင်းကို ဖက်ထားလိုက်မိသည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now