"ဦး ဝတ်ပေးပါလား"

သမီးရဲ့ကလေးဆန်ဆန်တောင်းဆိုမှုကြောင့် ရယ်ချင်သွားမိပေမယ့် နာရီကိုယူကာ သမီးလက်ကလေးမှာ သေချာဝတ်ပေးလိုက်သည်။
ဖြူနုသွယ်လျနေသော လက်ကလေးက နာရီလေးနဲ့မှပိုပြီးလိုက်ဖက်သွားသောကြောင့် ပိုပြီးကျေနပ်သွားသည်။
ဒီဘာမဟုတ်သည့်နာရီမှမဟုတ်၊ သူ့စည်းစိမ် သူ့ပိုင်ဆိုင်မှုတွေသည်လည်း ပြည့်သျှင်နဲ့သမီးသာ ပိုင်ဆိုင်ရမည်မလား။

"ဦး ဘာလို့ဖွေးအပေါ်အရမ်းကောင်းတာလဲဟင် ဖွေး ဒီလိုလက်ဆောင်မျိုးလည်းမရဖူးဘူး သူစိမ်းလူကြီးတွေဆီက ခုလိုဂရုစိုက်တာမျိုးလည်းမရဖူးဘူး"

ဖေဖေက သူစိမ်းမှမဟုတ်ဘဲ သမီးရယ်။
စိတ်ထဲကပြောမိပေမယ့် ပါးစပ်ကထုတ်မပြောဖြစ်ခဲ့ဘဲ သမီးရဲ့ပါးအိအိလေးကို မနာအောင်ဆွဲဖဲ့လိုက်သည်။

"ဘာလို့လဲဆိုတော့ ဦးက ကလေးချစ်တတ်တယ်လေ သမီးကလည်း အရွယ်မှမရောက်သေးဘဲ ဦးမျက်လုံးထဲတော့ သမီးလေးတစ်ယောက်လိုပဲ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးချင်တယ် ဂရုစိုက်ပေးချင်တယ် စောင့်ရှောက်ပေးချင်တယ်"

"ဟီး ဦးကလည်း"

ဆံပင်တွေသပ်ပြီး ဖွေးရယ်လိုက်ပုံလေးက မြူနဲ့ဆင်တူလွန်းတာမို့ မြူ့ကိုတောင် သတိတရဖြစ်သွားသည်။
သို့သော် မြူကတော့ သမီးလို သွက်လက်သောပုံစံလေးမဟုတ်တာမို့ ဒီလိုပေါ့ပါးနေခြင်းဟာလည်း သူနဲ့လာတူနေပြန်သည်။

"သမီး ခုလိုနေနေတာကို သမီးအမေကစိတ်ချသလား"

"ဟင့်အင်း ဖွေးကတိတွေအများကြီးပေးခဲ့ရတယ် ပြီးတော့ မေမေက ဖွေးကိုတစ်နှစ်ပဲအချိန်ပေးထားတာ ကျောင်းတက်ဖို့ပြန်ရဦးမယ်"

ထင်ထားသည့်အတိုင်း ဖွေး သူ့ဆီကထပ်ထွက်သွားဦးမည်မို့ စိတ်ထဲဝမ်းနည်းသွားမိပြီး သမီးကိစ္စဖြင့် မြူနဲ့စကားပြောရမလားဟု တွေးမိသွားသည်။
သမီးကိုပြန်ရဖို့ သူ တစ်ခုခုလုပ်မှဖြစ်ကာ ထိုအတွက် ဘာပဲရင်ဆိုင်ရ၊ ရင်ဆိုင်ရ။
ပြီးတော့ ပြည့်သျှင်....

"သား ဖွေးနဲ့တွဲနေတယ် ဖေဖေ ဖွေးကိုလက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်"

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now