"အရူးမ"

ဖွေး မျက်နှာပြောင်ပြီးလိုက်စတော့ သူက ရယ်ချင်သွားသလို ဟက်ခနဲတစ်ချက်ရယ်ပြီး ဖွေးနားထင်ကို လက်ညှိုးနှင့် တွန်းပစ်၏။
အသားက ညိုတာလည်းမဟုတ်၊ ဝါတာလည်းမဟုတ်သလို ညိုစိမ့်စိမ့်လေးဖြင့် သေချာကြည့်လေ၊ ချောလေဖြစ်ကာ သူ ရယ်လိုက်လျှင်ပိုပြီးကြည့်ကောင်းသလို ထင်မိသည်။
ဖွေး သူ့ကိုတကယ်crushနေမိပြီထင်၏။

"ရှင့်မှာချစ်သူရှိလားဟင်"

ဖွေး သိချင်လာ၍ချက်ချင်းထမေးတော့ သျှင်ကခေါင်းခါပြသည့်အတွက် ကျေနပ်စိတ်လေးဖြစ်သွားသည်။
ထိုကျေနပ်သွားသည့်စိတ်ဟာ သျှင့်လက်မောင်းကို တအားဖက်ပစ်လိုက်မိသည်အထိဖြစ်သွားပြီး ဓာတ်လှေကားဆီသို့ အတင်းဆွဲခေါ်လာခဲ့သည်။

"ဘယ်လဲ ငါအလုပ်လုပ်ရဦးမှာ"

"ခဏပဲ ရုံးအောက်က အသားကင်ဆိုင်ကောင်းတယ်တဲ့ ရှင်အလုပ်မှာ အမှားတစ်ခုလုပ်ထားလို့ ဦးက warningပေးတဲ့အမှတ်တရအနေနဲ့ ရှင့်ကိုဝယ်ကျွေးမယ်"

"ဘာ!! တစ်ခါမှမကြားဖူးပါဘူး"

"အခုကြားဖူးပြီမလား လာပါ ဖွေးစားချင်လို့ပါ"

သူမဆီက ကလေးဆန်ဆန်ချွဲနွဲ့မှုကြောင့် ရင်ထဲဒိန်းခနဲဖြစ်ကာ လက်မောင်းကိုအတင်းဖက်ထားသောကြောင့် ထွေးအိသောအသားစိုင်လေးနှင့်ထိကပ်နေ၍ ချွေးတွေပျံလာပြီး မသိမသာရုန်းပေမယ့် သူမက မလွှတ်။
နိုင်ငံရပ်ခြားမှာကြီးခဲ့သူဆိုတော့လည်း ပတ်ဝန်းကျင်ဆိုတာကို သူမ တွေးတတ်ပုံမရ။
ကလေးသာသာဦးနှောက်လေးကလည်း ဒီလိုတွေထိကပ်နေတာကို သတိပြုမိပုံလည်းမရ။

"ဖွေး.. မင်း ငါ့လက်ကိုလွှတ်ဦး လူမြင်မကောင်းဘူး"

"အမလေး.. ဖွေးကမိန်းကလေးပါ ရှင်ကြီး ကြီးကျယ်မနေပါနဲ့"

ဟု ဂျစ်ကန်ကန်ပြန်ပြောပြီး လက်မောင်းကို ပိုပြီးတင်းနေအောင်ဖက်ထားလိုက်သေး၍ ဆံပင်တွေထောင်သွားသလို ခံစားလိုက်ရသည်။
ရည်းစားမထားဖူးတာမဟုတ်ပေမယ့် ဒီဟာလေးရဲ့အထိအတွေ့က နူးညံ့လွန်းတာမို့ သူ့မှာချွေးတွေပြန်ကာ ရင်တွေလည်းတုန်နေမိသည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now