လမ်းလျှောက်တတ်နေပြီဖြစ်သလို စကားလည်းပြောနိုင်နေမည့်အရွယ်လေးမှာ ပထမဆုံးပြောမည့်စကားက မေမေလို့များဖြစ်နေမလား…
ဖေဖေဘယ်မှာလဲလို့ရော မေးပါ့မလား…

〰〰📑📑📑〰〰

"ဝေါ်ပါး ကြိုက်နားလီ"
(ဖေဖေကဘယ်မှာလဲ)

သမီး၏မပီကလာစကားသံကြောင့် မြူလန့်ဖျပ်သွားကာ သမီးကိုအလန့်တကြားပြန်ကြည့်လိုက်မိသည်။
မွေးကတည်းက သူ့အဖေလို ဖြူဆွတ်နေသောအသားအရည်ကြောင့် သမီးသည် နှင်းလုံးလေးလိုဖွေးအုနေကာ အခုလည်းမြူ့ကိုကြည့်နေသည်က သူ့အဖေလိုအကြည့်စူးစူးတွေဖြင့်…

"မာ့မား" (မေမေ)

"နီ ပိစွေ" (ပါးစပ်ပိတ်ထား)

"ဝေ့ရှမော့ ဝေါ်ရှန်ကျစ်သောက် ဝေါ်ပါးကြိုက်နားလီ"
(ဘာလို့လဲ ဖေဖေဘယ်မှာလဲသိချင်ပါတယ်ဆို)

"မြူဖွေးဖွေးဖြူ"

နာမည်ကိုအစအဆုံးထုတ်အော်တော့မှ သမီးက မကျေမနပ်ပါးစပ်ပိတ်သွားကာ နောက်ထပ်ဘာမှမပြောတော့ဘဲ ဂါဝန်လေးမ,ကာ ဆောင့်ခနဲထထွက်သွား၏။
၂နှစ်ကျော်လေးသာရှိသေးပေမယ့် သွက်လက်သောသမီးလေးက ဉာဏ်လည်းကောင်းလွန်းကာ အဖေဆိုသည့်ဝေါဟာရကို ဘယ်ကတတ်မြောက်လာသလဲမသိ။

မြူသည် ခမ်းအရိပ်ဆီကထွက်ပြေးလာခဲ့ကာ ထိုလူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့ကာ သူ့ရဲ့ရှာဖွေမှုတွေ ဒီဘက်ကိုရောက်လာလျှင် နေရာထပ်ပြောင်းဖို့အဆင်သင့်ပြင်ထားသည်။
အန်တီခေတ်ကို ကျကျနနလက်စားချေခွင့်ရလိုက်သည့်အဖြစ်ဟာ မြူ့ကိုကျေနပ်စေပေမယ့် သမီးဆီက အဖေကိုမေးလာသည့်အခါ မလုံမလဲဖြစ်လာမိသည်။

သူ့အဖေကို ဘာလို့သိချင်တာလဲ..
ဘယ်သူကများ ဒီလိုမေးဖို့သင်ပေးလိုက်တာလဲ…
အတွေးတွေဖြင့် ရူးချင်သလိုဖြစ်လာပေမယ့် မင်းခမ်းနားဆိုသည့်နာမည်ကို မြူ့နှုတ်ဖျားက နောက်ထပ်ထွက်ဖို့ စိတ်ကူးမရှိချေ။
သမီးရဲ့ဘဝကို မြူတစ်ယောက်တည်းနှင့်ပြည့်စုံအောင်ထားပေးနိုင်သလို မြူ့လို သိမ်ငယ်စိတ်တွေကို သမီးခေါင်းထဲအရောက်မခံနိုင်…

〰〰📑📑📑〰〰

မေမေအစည်းအဝေးမပြီးသေး၍ ဖွေးစောင့်နေသည်မှာကြာပြီဖြစ်ကာ မေမေ့အတွင်းရေးမှုးက ဖွေးအတွက်မုန့်တွေချပေးထားသည်။
မှန်အကြည်တွေချည်းကာရံထားသော အလုံပိတ်အခန်းကြောင့် မေမေ့ကိုမြင်နေရကာ မေမေသည် Projectorမှာပေါ်လာသောပုံတွေကို ရှင်းပြနေပုံရသည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now