အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Start from the beginning
                                    

ကျွင်းဟွိုင်လန်က စားပွဲခုံကိုခေါက်လိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

  " မင်းခြေထောက်ကို ပြန်မချရင် ဘာဖြစ်မလဲသိလား..."

ကျွင်းရှောင်ဝူက သူ့ကို ပြုံးပြပြီးနောက် ခြေထောက်များ ပြန်ချထားလိုက်သည်။

" မင်း ငါ့ကိုဒီနေ့အပြင်ခေါ်လာတာ ဝိုင်သောက်ဖို့လား..."

ကျွင်းဟွိုင်လန်က မေးလိုက်သည်။

ကျွင်းရှောင်ဝူက စားပွဲကို တံတောင်ဆစ်ဖြင့်ထောက်ကာ သူ့နားကပ်လာသည်။  

" အစ်ကိုကြီး အတွက် နှုတ်ဆက်ပွဲလုပ်ပေးတာလေ..."

" အစ်ကိုကြီး ခုတလော ပျော်ပျော်ရွှင်ရွှင်မနေတာ ကျွန်တော်တွေ့လို့လေ... အိမ်ကနေ မထွက်သွားချင်လို့လား..."

ကျွင်းဟွိုင်လန် ထိတ်လန့်သွားသည်။

သူ့ကိုယ်သူ ဤအချိန်‌အတောတွင်း မပျော်မရွှင်ဖြစ်နေခြင်းကို သတိမထားမိပေ။ ကျွင်းရှောင်ဝူ ပြောလိုက်သည့်အခါမှာသာ ရွှယ်ယန့်အကြောင်း မတွေးပဲ မနေနိုင်အောင် ဖြစ်လာသည်။

   

သူ  ကျေးဇူးတင်စကား မပြောခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ သူ နန်းတွင်းမှလည်း နှုတ်ဆက်စကားမပြောပဲ ထွက်လာဲ့ခြင်းဖြစ်ကာ ယခုအခါတွင်လည်း ကျန်းနန်သို့ မြန်မြန်ထွက်သွားရတော့မည်ဖြစ်၍ စိတ်ထဲ မတင်မကျဖြစ်နေမိသည်။

စားပွဲခုံပေါ်မှ ရေနွေးကြမ်းခွက်ကို အချိန်အတော်ကြာ ငုံ့ကြည့်နေပြီးနောက်မှသာ ညင်သာစွာပြောလိုက်သည်။

" မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်စကားပြောဖို့ အခွင့်အရေး မရခဲ့လို့ပါ..."

   

ကျွင်းရှောင်ဝူ ထိုစကားများကိုကြားသည်အခါ ခြေ‌ထောက်ကို ခုံပေါ်ပြန်တင်ကာ ပြောလိုက်သည်။

" ဘာလို့ အခွင့်အရေးမရတာလဲ... သူ့ကို ‌ဝိုင်သောက်ဖို့ဖိတ်လိုက်ရင် ရတာပဲကို..."

၎င်းက သူ့အနားတွင်ရှိသော မိတ်ဆွေဟောင်းတစ်ယောက်ဆိုပါက လွယ်ကူသော်လည်း ယခုက နန်းတွင်းထဲမှ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now