အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Start from the beginning
                                    

ကျွင်းဟွိုင်လန်က အခြားလူများနှင့် ရင်းနှီးသည်ကို သူဂရုမစိုက်သော်လည်း သူတို့ပြောနေကြသည့် စကားအသွားအလာကိုကြည့်ရုံဖြင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသည့်လူများဖြစ်ကြောင်း အလွယ်တကူသိနိုင်သည်။

သူသည်လည်း တစ်ဖက်လူကဲ့သို့ ကျွင်းဟွိုင်လန်နှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့သော ဆက်ဆံရေးမျိုး ရှိချင်ခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ဝူကဲ့သို့ ဆက်ဆံရေးမျိုး မဖြစ်ချင်ပေ။

ညီအစ်ကိုသဖွယ် ဆက်ဆံရေးက သူ့အတွက် မလုံလောက်ပေ။

   

သူက တစ်စုံတစ်ရာကို အလိုရှိနေခဲ့သော်လည်း ၎င်းက မည်သည့်အရာဖြစ်သည်ကို သူကိုယ်တိုင် သဘောမပေါက်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ကျွင်းရှောင်ဝူ မေးသည်ကို သူကြားလိုက်ရသည်။

" အမေက အစ်ကိုကြီး ဘယ်တော့ပြန်လာမယ်ဆိုတာ မေးခိုင်းလိုက်တယ်...အခုက နှစ်သစ်ကူးရက်တွေဆိုပေမယ့် မိသားစုထဲမှာ လူနှစ်ယောက် မရှိတော့ ခြောက်ကပ်နေတယ်လေ... ကျွန်တော်ကတော့ ကျင့်သားရနေပါပြီ..."

ရွှယ်ယန်၏ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သူ့အကြည့်များက  ကျွင်းဟွိုင်လန်၏ မျက်နှာပေါ်သို့ ရောက်သွားသည်။

သူက  ကျွင်းဟွိုင်လန်နှင့် အချိန်ကြာမြင့်စွာ တူတူနေရမည်မဟုတ်ပဲ ခေတ္တခဏသာ တွေ့ဆုံရခြင်းဖြစ်သည်ကို သူ မေ့နေခဲ့မိသည်။

ရွှယ်ယန်၏ စိတ်အခြေအနေပြောင်းလဲသွားသည်ကို  ကျွင်းဟွိုင်လန် သတိမပြုမိခဲ့ပေ။ ထိုစကားကိုကြားသောအခါ သူရယ်လိုက်ပြီး ကျွင်းရှောင်ဝူကို နဖူးတောက်လိုက်သည်။

" မင်းလည်း ယွီမန်တံခါးမှာနေတာ ၃နှစ်ရှိပြီမလား...စစ်တပ်ထဲမှာနေရတာ ပျော်လွန်းလို့ အိမ်မပြန်ချင်တော့ဘူးထင်တယ်..."

ကျွင်းရှောင်ဝူက သူ့နဖူးကိုအုပ်ပြီး ရယ်လိုက်သည်။

ကျွင်းဟွိုင်လန်ဆက်ပြောလိုက်သည်။

" အရီးတော်ကငါ့ကို ကြာကြာနေစေချင်သေးတယ်တဲ့ အဲ့တော့ နွေဦးအထိတော့ ဒီမှာနေမလို့..."

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now